အညတရ သူရဲကောင်း တတိယ အကြိမ် ဆုပေးပွဲ

Sunday, August 5, 2012


ဓာတ်ပုံ- ကိုထွန်းဝေ (ဂျပန်)

ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှ အညတရ သူရဲကောင်းဆုချီးမြင့်ပွဲ တတိယ အကြိမ်မြောက် အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပပါတယ်။ ဒီအခမ်းအနားကို ဆုရှင်တဦးဖြစ်တဲ့ မကြာခင်က ပြန်လွတ်လာတဲ့ ကိုသန်းဇော် က ဗီဒီယိုမှတဆင့် ကျေးဇူးတင်ကြောင်းပြောကြားချက်နဲ့ အခမ်းအနားကို တက်မှာဖြစ်ပါတယ်။ ကိုသန်းဇော်ကတော့ ဒုတိယ အကြိမ် အညတရ သူရဲကောင်းဆုပေးပွဲမှာ တဦးအနေနဲ့ ဆုရခဲ့သူလည်းဖြစ်ပါတယ်။

ယခုနှစ် အညတရ သူရဲကောင်း ဆုရှင်များဖြစ်ပါတယ်။




အခမ်းအနား တက်ရောက်လာသူများ
သတင်းထုတ်ပြန်ချက်



တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်အား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၅) ရက် နေ့တွင် အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။


l တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပေး၊ ဘ၀တွေကိုပါစတေးပြီး စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ခဲ့ကြ သူတွေ ၏ စိတ်ဓါတ်နှင်စေတနာကို ပိုမိုတန်ဖိုးထား လေးစားတတ်ရန် ။


l အကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ရာနှင့်ချီပြီး ကျန်ရှိနေသေးသည်ကို ပိုမိုသတိ ပြုမိကြစေ ရန်နှင့် ထိုသူတို့အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်စေရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်ကြစေရန်။


l နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကူညီထောက်ပံ့နိုင်စေရန်နှင့် လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားများ၏ လူမှုဘ၀ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ၀ိုင်းဝန်း ဆောင်ရွက်နိုင် စေရန်။

အဆိုပါအခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှေက်ရေး အသင်း (AAPP-B) နှင့် Chin National Community-Japan တို့မှ အသီးသီး ပေးပိုခဲ့ကြသော ဂုဏ်ပြု သ၀ဏ်လွှာ များအား ဖတ်ကြားမည် ဖြစ်ပြီး၊ ဆရာတက္ကသိုလ်ဘုန်းကြွယ် ၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်) နှင့် ရဲရင့်သက်ဇွဲ တို့မှ ပေးပို့လာသော သူရဲကောင်းဂုဏ်ပြု ကဗျာများနှင့်လည်း ရွတ်ဆို ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။


သူရဲကောင်းဆုရှင်များကိုယ်စား ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် ကိုသန့်ဇော်@ ကိုသန်းဇော်မှ ပေးပို့လာသော နှုတ်ခွန်းဆက်သ၀ဏ်လွှာ -ရုပ်သံ (Video message) အားလည်း ဖွင့်လှစ်ပြသမည် ဖြစ်ပါသည်။

အခမ်းအနားတွင် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေးလှူဒါန်းခဲ့ကြသူ အလှူရှင်များနှင့် ကူညီဆောင် ရွက်ခဲ့ကြသူ များအားလုံးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ခြင်း၊ သူရဲကောင်းဂုဏ်ပြု ကဗျာ၊ ဂုဏ်ပြုတေးသီချင်း၊ ရှမ်းတိုင်းရင်းသား ရိုးရာအက၊ ဂုဏ်ပြုသံချပ်၊ ဂုဏ်ပြုစကား စသည့် အစီအစဉ် များဖြင့် စုံလင်စွာ ကျင်းပပြုလုပ်သွားပါမည်။

စန္ဒယားထွန်းအေးနွဲ့၊ စန္ဒယားအာကာ၊ Lack Of Freedom တေးဂီတအဖွဲ့၊ ကိုသော် (PRMG) တို့က ဂျပန်ရောက် ဂီတ၀ါသနာရှင်များနှင့် အတူ တွဲဖက် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပြီး စားသောက်ဖွယ်ရာ များဖြင့်လည်း တည်ခင်း ဧည့်ခံ သွားပါမည်။

အခမ်းအနား ကုန်ကျစားရိတ်အတွက် အလှူခံခြင်း၊ ၀င်ကြေးကောက်ခံခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ပါ။လှူဒါန်း လိုသူများအနေဖြင့် စတုတ္ထအကြိမ်မြောက် အညတရသူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် ဧည့်မှတ်တမ်း ကောင်တာတွင် အမည်နှင့်တကွ လှူဒါန်းပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

ကော်မတီအနေဖြင့် စတုတ္ထအကြိမ်မြောက် ဆုချီးမြှင့်နိုင်ရေးအတွက် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း နှင့် ဆုချီးမြှင့်နိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း၍ ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်းကြားအပ်ပါသည်။




လေးစားစွာဖြင့်

အညတရသူရဲကောင်းဆုကော်မတီ

တိုကျို၊ ဂျပန်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၄) ရက်



ဂုဏ်ပြုပွဲအခမ်းအနား



နေ့ရက် ။ ။ ၅. ၈. ၂၀၁၂ (တနင်္ဂနွေနေ့)

အချိန် ။ ။ ညနေ ၅း ၃၀ နာရီ မှ ညနေ ၉း ၀၀ နာရီထိ

နေရာ ။ ။ Totsuka Chiiki Center -7-F (Takadanobaba)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved