အ၀တ်ဗလာနဲ့ မင်းသား ဟယ်ရီရဲ့ အရှုပ်တော်ပုံ

Saturday, August 25, 2012

ဓာတ်ပုံ- The Mirror

ကမ္ဘာ့စာနယ်ဇင်းလောကမှာ အခု ရေပန်းအစားဆုံးနဲ့ အငြင်းပွားမှုဖြစ်နေတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ အ၀တ် ဗလာနဲ့ တော်ဝင် သိက္ခာကျတဲ့အဖြစ်ပါ။




တော်ဝင်မင်းသား ဟယ်ရီဟာ Las Vegas မြို့က ဟော်တယ် တခုမှာ အ၀တ်ဗလာနဲ့ သူ့ရဲ့ VIP အခန်းထဲမှာ ဗီဂတ်စ်မြို့က သားစားငါးမန်းတွေလို ပျော်တော်ဆက်မလေးတွေနဲ့ ပျော်ပါးခဲ့ကြတာရယ်၊ လောင်းကစားမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ ရှုံးသွားတာတွေရယ်က ကမ္ဘာ့ သတင်းလောကမှာ ထိပ်တန်းသတင်း တပုဒ် လည်းဖြစ်လာပါတယ်။



ဒါပေမယ့် ဗြိတိန်မီဒီယာတွေမှာတော့ မင်းသား ဟယ်ရီရဲ့ အ၀တ်ဗလာနဲ့ ဓာတ်ပုံတွေ ပါမလာခဲ့ဘဲ ကာကွယ်တင်ပြမှုတွေ လုပ်ခဲ့တာဟာ မေးခွန်းထုတ်စရာလည်းဖြစ်နေပါတယ်။



ဗြိတိန် ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုတော့ အရှက်လည်း ကွဲ၊ မင်းသား ရှုံးတဲ့ အကြွေးတွေ ဆပ်ဖို့ လည်း ခေါင်းပူနေရပါ တယ်တဲ့။

အင်တာနက် အွန်လိုင်းပေါ်မှာတော့ အောက်မှာပြထားသလို မင်းသား ဟယ်ရီနဲ့ တော်ဝင် မိသားစုကို သရော်ထားကြပါတယ်။






3 comments :

  1. Unknown said... :

    ဘုရင်စနစ် ဆိုသည်မှာ တိုင်းသူပြည်သားတို့အပေါ် ကွန့်သည့် ။ ညွန့်သည့် စနစ်ဖြစ်ပါသည် ။ တိုးတက်ပါသည်ဆိုသော ။ လူ့အခွင့်အရေးကို လေးစာားပါသည်ဆိုသော ။ ဒီမိုကရေစီ ဖွံ့ဖြိုးပါသည် ဆိုသော နိုင်ငံတို့၏ ဘုရင်စနစ်ကို လက်ခံသော ပြည်သူတို့အတွက်ကတော့ အလွန်သနားစရာကောင်းလှပါသည်။ တော်ဝင်မိသားစု ဆိုတာ ပြည်သူတို့အခွန်ငွေကို ထိုင်ဖြုန်းနေသော ဆန်ကုန်မြေလေးမိသားစုပဲဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း ဗြိတိန်မှ သီပေါမင်းကို ဖမ်းဆီးသွားသည်မှာ ဝမ်းနည်းစရာမဟုတ်။ အချုပ်အချာအာဏာ ဆုံးရှုံးရသည့်အတွက်သာ ဝမ်းနည်းစရာဖြစ်ပါသည်။

  1. UShinGyi said... :


    မှန်တာပေါ့ ကို golden pku ရေး..
    တန်ဖိုးမထားသင့်သည်ကို တန်းဖိုးထားနေသည့်
    ကျွန်စိတ်များ ပြန်လည်အသက်သွင်နေသလိုပါပဲ။
    အသုံးမကျသည့်ဘုရင်ကို နန်းချပြစ်ခြင်းမှာ
    လွမ်းမောဝမ်းနဲစရာ တခုမဟုတ်ပါ။ မတရားမှူ
    များကြီးစိုး ဖိနိပ်ထားနေသည့်စနစ်သာလျှင်ဝမ်းနဲ
    ဖွယ်ကောင်းသောအရာ ဖြစ်တယ်ဆိုတာ လူတွေပို
    သိသင့်တယ်။

  1. Anonymous said... :

    ဒါကတော့... ဒီအချိန်မှာ..အဲဒီအခန်းထဲမှာ...ဒီလိုပုံ ဘဲ၇ိုက်လို့ ၇မှာပေါ့ ...၇အောင်လဲ၇ိုက်ခဲ့ တာဘဲ...ဒီလိုသတင်းတွေတင်ချင်လို့ လေ... :')

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved