ဘရာဇီးလ် နိုင်ငံကို ရောက်ရှိလာတဲ့ အိုလံပစ် အလံ

Friday, August 17, 2012


ဘရာဇီးလ် နိုင်ငံ Rio de Janeiro မြို့ကို အိုလံပစ် အလံတော် လွန်ခဲ့တဲ့ တနင်္လာနေ့က ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ အိုလံပစ်ကို ဘရာဇီးလ် နိုင်ငံ Rio de Janeiro မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လန်ဒန်မြို့ကနေ Rio de Janeiro မြို့ကို အိုလံပစ် အလံဟာ တနင်္ဂနွေ နေ့က အိုလံပစ် မီးရှူးတိုင် မငြိမ်း သတ်မီ ဘဲ Rio de Janeiro မြို့တော်ဝန် အက်ကွာဒိုပီးရော့စ်က လွှဲပြောင်းပြီး သူနဲ့ အတူ အိုလံပစ် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ကားလို့စ် အာသာနုဇ်မ်းတို့နဲ့ အတူ သယ်ဆောင်ယူလာခဲ့တာပါ။



တောင်အမေရိက နိုင်ငံတွေမှာ ပထမဆုံး လက်ခံကျင်းပခွင့် ရခဲ့တာလည်းဖြစ်တဲ့ Rio de Janeiro ၂၀၁၆ အိုလံပစ် အတွက် လိုအပ်တဲ့ အဆောက်အဦးတွေနဲ့ အားကစားကွင်း ဆိုင်ရာတွေ ကိုလည်းတော်တော် များများ ပြင်ဆင်ပြီးနေပါပြီ။

ပြီးခဲ့တဲ့ လန်ဒန် အိုလံပစ် ၂၀၁၂ မှာတော့ ဘရာဇီးလ် နိုင်ငံ စုစုပေါင်း ရွှေတံဆိပ် ၁၇ ခု ယူနိုင်ခဲ့ပြီး အဆင့် အားဖြင့် ၂၂ မှာ ရခဲ့ပါတယ်။ ဒါဟာ ၂၀၀၈ ခုနှစ်က တရုတ် ပီကင်း အိုလံပစ် မှာထက် ဆုတံဆိပ် ပိုရလာတာ လည်းဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved