အတတ်နိုင်ဆုံး ပွင့်လင်းထားတဲ့ အိန္ဒိယရုပ်ရှင်

Sunday, August 5, 2012




အ၀တ်အစား အစွမ်းကုန်ချွေတာတဲ့ ဟောဒီ အိန္ဒိယဇာတ်ကားအမည်က
Jism 2 ဖြစ်ပါတယ်။

မင်းသမီးက Sunny Leone ဖြစ်ပါတယ်။
Sunny Leone ကို ဂူဂဲလ်ကြည့်လိုက်တော့ သူက အမေရိကန်မှာ အသက် ၁၈ နှစ်အထက်တွေအတွက် သီးသန့်ရိုက်ကူးတဲ့ကားတွေမှာ သရုပ်ဆောင်တဲ့သူ ဖြစ်နေပါတယ်။
အခုတော့ သူက အိန္ဒိယကားမှာ ရိုက်ပါပြီ။
ဒီဇာတ်ကားအကြောင်း သတင်းတပုဒ်မှာတော့ -
အိန္ဒိယပရိသတ်များက တကယ့်လူကြီးကားတွေ ကြည့်ချင်နေကြတယ်၊ Jism 2 ကို ကြိုက်နေကြပါပြီ။
ရွေးချယ်ကြည့်စရာ လူကြီးကား များပြားတဲ့ အနောက်နိုင်ငံတွေမှာတော့ ဒီကား ကွဲမှာပဲ၊ ဒီကားက ဇာတ်လမ်းလည်း ရှိတာမဟုတ်ဘူး လို့ ဝေဖန်ရေးဆရာတယောက်က ဆိုပါတယ်။

အိန္ဒိယမှာတော့ ဇာတ်လမ်းတွေ၊ အထိုးအကြိတ်တွေနဲ့ ပတ်သက်လာရင် ပရိသတ်က အေးအေးဆေးဆေးပါ၊ Jism 2 လို ဇာတ်ကားမျိုးကနေ ပရိသတ် မျှော်လင့်တာကတော့ ကြည့်ကောင်းတဲ့အခန်းတွေအများကြီး ပါဝင်ဖို့ပါပဲလို့ နောက်ဆရာတယောက်က မှတ်ချက်ပြုပါတယ် တဲ့။

Jism ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ အိန္ဒိယရုပ်ရှင်ထဲ ဘယ်လောက်အထိ ဘယ်လို ဖော်ပြခွင့်ရသလဲ ဆိုတာကို မိတ်အင် ဘောလိဝုဒ် ဟင်ဒီရုပ်ရှင်ဇာတ်ကားအကြောင်း ရေးထားတဲ့ ဧရာဝတီအင်္ဂလိပ်ပိုင်း သတင်းတပုဒ် Bollywood Gets Racy with ‘Jism’ Release မှာ ဖော်ပြထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved