ဧရာဝတီတိုင်း ရေကြီးမှု ဘယ်လောက်ဆိုးရွားသလဲ

Monday, August 20, 2012



ဓာတ်ပုံ-မေစစ်ပိုင်/ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ် ၃ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ဧရာဝတီမြစ်၊ ဒါးကမြစ်၊ င၀န်မြစ် စသည့်မြစ်များမှ မြစ်ရေကြီးပြီး ကျေးရွာ ၈၀၀ နီးပါးနှင့် မိုးစပါး ဧက ၂ သောင်း နီးပါး ရေမြုပ်
နေကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ ရပ်ကွက် ၂၇ ခု နှင့် ကျေးရွာအုပ်စု ၇၉၈ ရွာ တို့ ရေနစ်မြုပ်ကာ လူဦးရေ ၆၄၄၀၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း၊ စိုက်ပျိုးထားသော မိုးစပါး ဧက ၁၉၉၈၇၀ ကျော် ရေနစ်မြုပ်ရာ လုံးပျက်စီးဆုံးရှုံးရသည့် စပါးခင်းပေါင်းမှာ သြဂုတ်၂၀ ရက်အထိ ဧက ၅၅၀၀၀ ကျော် ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီသို့ ပြောသည်။


ရေနစ်မြုပ်ရာတွင် ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဓနုဖြူနှင့် ပန်းတနော်
မြို့ နယ် တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်က မေစစ်ပိုင် ရေးသားထားသည့် ဧရာဝတီတိုင်း ရေကြီးမှု အခြေအနေ ဆိုးရွား ဆိုသော သတင်းတွင် ဖတ်ရှု့နိုင်ပါတယ်။


ရေဘေး ဒုက္ခသည်များ

2 comments :

  1. Anonymous said... :

    ဂျိုင်းမြစ်ကမ်းတလျှောက် ကျနော်တို့ရွာလဲ နှစ်တိုင်းရေကြီးပါတယ်
    အထူးသဖြင့်ဝါခေါင်လလောက်မှာပါ။
    ရေမြုပ်တဲ့ရွာတွေဆို ခြေတံရှည်တွေ ဆောက်ထားရတယ်
    နှစ်တိုင်း လမ်းပေါ်လှေလှော်လို့ရတယ်
    စပါးသေတဲ့အထိ ကြီးရင်တော့ စိုးရိမ်ရတယ် သာမန်နှစ်ကတော့ ပျော်စရာကောင်းတယ်
    ငယ်ငယ်ကဆို မိုးသပြေ သွားခူးကြတယ်
    ကဗျာရှိတယ်
    ဝါဆိုဝါခေါင်ရေတွေ ကြီးလို့ သပြေသီး မှည့်မှည့်ကောက်စို့ကွယ်
    အိမ်ပေါ်ကနေ ဒိုင်ပင်ထိုးလို့ရတယ်
    ငါးမျှားလို့ရတယ်
    အိမ်တိုင်း အင်္ဂတေ အိမ်သာ လုပ်ထားတယ်
    ပျော်ဖို့ကောင်းတယ်
    ညနေဘက် ရွာပြင် စေတီဘက် ကာလသား၊သမီးတွေ လှေလှော် ထွက်ကြတယ်။
    သပြုသီးတို့ တို့စရာတို့ ရိုးတန်းဘက်သွားခူးကြတယ်
    ပျော်ဖို့သိပ်ကောင်းတယ်

  1. Anonymous said... :

    I feel like you when I was young.but this time period is quite diffierent from our time period.the whole can face starving except rich people.if 90%of myanmar starve they also can not stay safely.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved