ကချင်ဒုက္ခသည်တွေကို တရုတ်နိုင်ငံက အင်အားသုံး ပြန်ပို့နေ

Friday, August 24, 2012

~



ဓာတ်ပုံများ- ဧရာဝတီ

အကူအညီတွေလိုအပ်နေပြီး မြန်မာစစ်တပ်ရဲ့ အနိုင်ကျင့်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရဲ့မြေစာပင်တွေ
ဖြစ်နေကြရတဲ့ မြန်မာပြည် မြောက်ဖျားက ကချင် ဒုက္ခသည် ထောင်ပေါင်းများစွာကို တရုတ်နိုင်ငံက အင်အား သုံး ပြန်ပို့နေတာတွေ ရပ်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အဖွဲ့ကြီး က ပြောလိုက်ပါတယ်။




သြဂုတ်လ ၁၉ ရက်နေ့က သတင်းတပတ်အတွင်းမှာဘဲ တရုတ်အာဏာပိုင်တွေက ကချင် ဒုက္ခသည် အနည်းဆုံး ၁၀၀၀ ကျော်ကို မြန်မာပြည်ကို အတင်းအင်အားသုံးပြန်ပို့ခဲ့ပါတယ်။ နောက်ထပ်လည်း ဒုက္ခသည် ၄၀၀၀ ကျော် ကို တရုတ် အာ ဏာပိုင်တွေက ထပ်ပို့ဖို့ အစီအစဉ် ရှိနေပါတယ်။


ဒုက္ခသည်အများစုဟာ သူတို့ရဲ့ တချိန်က နေခဲ့ကြတဲ့ ရွာတွေ၊ အိမ်တွေဆိုတာ ဒီလက်နက်ကိုင် ပဋိပက္ခထဲ မှ ပြန်တွေ့ဖို့ ဆိုတာလည်း အလွန်အန္တရာယ်ကြီးပါတယ်။



“မြန်မာစစ်တပ်ရဲ့ အနိုင်ကျင့်မှုတွေနဲ့ အခုဖြစ်နေတဲ့ ပဋိပက္ခဇုံထဲကို ကချင်ဒုက္ခသည်တွေကို အင်အားသုံး အဓမ္မပြန်ပို့နေတာဟာ တရုတ်အနေနဲ့ နိုင်ငံတကာ သဘောတူမှုတွေကို မသိကျိုးကျွန် မျက်ကွက်ပြုနေတာဘဲ” လို့ ဒုက္ခသည်ဆိုင်ရာ အစီအစဉ်ကညွှန်ကြားရေးမှူး Bill Frelick က ဆိုပါတယ်။



“ဒါကြောင့် တရုတ်အနေနဲ့ ယူနန်ပြည်နယ်ထဲမှာဘဲ ဒီဒုက္ခသည်တွေကို ယာယီအကာအကွယ်ပေးရေးမှာ ကူညီတဲ့ အနေနဲ့ ချက်ချင်း လုပ်ဆောင်ချက်တွေ ပြောင်းလဲ ကျင့်သုံးသင့်တယ်” လို့ သူက ဆက်ပြောပါတယ်။



ကချင် ဒုက္ခသည်တွေဟာ စစ်ဘေးရှောင်ဘို့အတွက် တရုတ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရတာပါ။ အခု တရုတ် အာဏာပိုင်တွေ က အင်အားသုံးပြန်ပို့ခံခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့ နေစရာ တဲတွေကိုလည်း ပြန်လာပြီး နေလို့ မရအောင် တစစီ ဖျက်ဆီးပစ် ခဲ့ကြပါတယ်။



အခု ကချင်ဒုက္ခသည်တွေကို ပြန်ပို့တဲ့နေရာမှာ တရုတ်ဘစ်ကားကြီးတွေနဲ့ နယ်စပ်အထိ လိုက်ပို့နေတာ လည်း ဖြစ်ပါတယ်။


KIO/ KIA တို့ကတော့ ကချင် ဒုက္ခသည်အရေး တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်ထဲ မှာပဲ ဒုက္ခသည်စခန်းတွေက ၈၅ ခု ရှိတယ်လို့ ဆိုပါတယ်။


တရုတ်အစိုးရ ကတော့ ဒုက္ခသည်ပေါင်း ၇ ထောင်ကနေ ၁ သောင်း ၀န်းကျင်ထိကို အကူအညီ အထောက် အပံ့တွေ ပေးခဲ့ တယ်လို့ ဆိုပါတယ်။


တိုက်ပွဲတွေရှိနေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကုလသမဂ္ဂရဲ့ ကချင်ဒုက္ခသည်တွေကို အကူအညီပေးမှုတွေကို လည်း မြန်မာ အစိုးရက အစောပိုင်း ကန့်သတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။

ဒေသခံ ကချင် ဒုက္ခသည်တွေကတော့ အဖက်ဖက်က စိန်ခေါ်ခံနေရတဲ့ အန္တရာယ်တွေနဲ့ အံတုနေကြရတာပါ။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved