ဓါးတွေထမ်းပြီး

Sunday, August 5, 2012

ဓာတ်ပုံ- satekuupuyar.blogspot.com


ဓါးတွေ ထမ်းပြီး ဆိုလို့ ဘယ်သူတွေက ဘာကြောင့် ဓါးတွေ ထမ်းနေကြတာလဲ။ ကောင်းကင်ကိုရဲ့ ကဗျာကို ခံစားကြည့်လိုက်ပါ။



ဓါးတွေထမ်းပြီး
************

“အလုပ်ဖြစ်ရေး”ဟာ
သေချာစိုက်ကြည့်လိုက်တော့ “အလစ်ဖြုတ်ရေး”

လယ်သမားတွေ ဆန္ဒပြကုန်ပြီတဲ့။
သမ္မတကြီး နောက်ကြောင်း ပြန်မလှည့်ရေးအတွက်
အဲဒီ့အခန်းဖြတ်။

တူတာတွေ တွဲလုပ်ကြတဲ့အခါ
ဟစ်တလာဟာ လူကောင်ပိုထွားလာတယ်။

ဗုဒ္ဓတရားအတိုင်း စောင်းကြိုးညှိမိသူကို
လူမျိုးစွဲ တယောက်က
စွပ်စွဲ တောက်ခေါက်တယ်
“ဒီကောင်… သစ္စာဖောက်” တဲ့။

စောင်းကြိုးရှင်ရေ…
ဒေါသသံလည်း မပျောက်စေနဲ့
ကရုဏာသံလည်း မပေါက်စေနဲ့
အပမှီနေတဲ့ ရပ်ဝန်းမှာ
ရင့်ကျက်စွာ တွေးခေါ်ခြင်းကို
အနာကြီးရောဂါလို ရွံကြတယ်။

အတွေးအမြင်ကျယ်ဖို့ စာဖတ် ဆိုလို့
ဆုရ စာအုပ်ကို ကောက်ကိုင်လိုက်တယ်
“လူမျိုးခြားတိုင်းဟာ အန္တရာယ်”တဲ့။

ဟော…ဟိုမှာ
သွေးဆာနေတဲ့ ယဉ်ကျေးသူ တအုပ်
ရွပ်ရွပ်ချွံချွံ မျက်နှာပုပ်နေကြတယ်။

အားတက်စရာတော့ ကောင်းပါတယ်။
ပျားရည်ဆမ်းခရီးမှာ
ဓါးတွေထမ်းပြီး…

(ကောင်းကင်ကို)
ခေတ်မောင်းဂျာနယ် အတွဲ ၁ အမှတ် ၃ ထဲကပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved