ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အိန္ဒိယ နိုင်ငံသို့ ယနေ့ သွား

Wednesday, August 1, 2012


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် အထူး လေယာဉ်နဲ့
နေပြည်တော်က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ထွက်ခွာသွားပါတယ်။

အိန္ဒိယနိုင်ငံက ဖိတ်ကြားမှုကြောင့် အိန္ဒိယနိုင်ငံကို သွားမယ့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို
နေပြည်တော် လေဆိပ်မှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော် အရာရှိကြီးတွေက ခမ်းခမ်းနားနား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အခုခရီးစဉ်ဟာ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ အိန္ဒိယနိုင်ငံကို ဘာကိစ္စ သွားတယ်ဆိုတာကိုတော့ နိုင်ငံပိုင် သတင်းရုပ်သံတခုဖြစ်တဲ့ MRTV 4 မှာ ဖော်ပြမသွားခဲ့ပါဘူး။

1 comments :

  1. Anonymous said... :

    Right spelling for 'India' in Burmese?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved