ဒီမနက် လွှတ်တော်မှာ ဒုသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဉာဏ်ထွန်းကို ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်းတို့နဲ့ တွေ့ရပါတယ်။
မနေ့ကအထိ သူဟာ စစ်ယူနီဖောင်းနဲ့ပါ။
နေပြည်တော်ရောက်နေတဲ့ ထိုင်းရေတပ်ဦးစီးချုပ် General Surasak Rounroengrom ကို တွေ့ဆုံတဲ့ ဒီကနေ့ အစိုးရသတင်းစာဓာတ်ပုံမှာ သူ့ကို စစ်ဝတ်စစ်စားနဲ့ တွေ့ရမှာပါ။
ဒုသမ္မတအဖြစ် တာဝန်ယူတဲ့သူဟာ နိုင်ငံ့ဝန်ထမ်းဖြစ်နေရင် ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့နေ့ကစပြီး နုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည် လို့ အခြေခံဥပဒေ အပိုဒ် ၆၃ မှာ ပြဋ္ဌာန်းထားပါတယ်။
မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ယူနီဖောင်းအပြောင်းအလဲတွေကို အများကြီး တွေ့ခဲ့ရပြီးပါပြီ။
ဦးဉာဏ်ထွန်း တိုက်ပုံပြောင်းဝတ်ခြင်းကတော့ မြန်မာ့ဒီမိုကရေစီဖြစ်ထွန်းမှုမှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။
ဒါဆို ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးညဏ်ထွန်းအစား စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်သူရသက်ဆွေကိုအစားထိုးလိုက်ရပြီပေါ့