၈.၈.၈.၈

Monday, August 6, 2012



တိတ်



၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်ကလည်း နီးလာပြီဆိုတော့ ၈.၈.၈.၈ ဆိုလို့ တိတျတယောက် ၈ လေးလုံးအကြောင်း လူတတ်လုပ်ပြီး ရေးတော့မယ် မထင်လိုက်ပါနဲ့အုံး။

စိတ်ဝင်စားစရာဖြစ်မယ်လို့ ယူဆတဲ့ ကမ္ဘာကျော်ရှာဖွေစက်ကြီး ဂူဂယ်လ်ရဲ့ အခမဲ့ အများသုံး DNS (Public DNS) အကြောင်း မိတ်ဆက်ပေးချင်တာပါ။

“အကိုရေ ဒီ DNS ကို ကျနော့် သုံးကြည့်တာ အရမ်းမြန်တယ်” လို့ ဧရာဝတီရဲ့ ဝက်ဘ်ဆရာ (Webmaster) ကိုပီတာက အား တက်သရောနဲ့ ကျနော့်ကို ညွှန်းပါတယ်။

ဂူဂယ်လ်ကလည်း သူ့ရဲ့DNS ကို ဘာဖြစ်လို့ စမ်းသုံးသင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ပိုမြန်မယ်၊ လုံခြုံရေးပိုကောင်းမယ်၊ ပြီးတော့ လိုချင်တာကို လွယ်လွယ်ကူကူရမယ်လို့ ဆိုထားပြန်ပါတယ်။

ကဲ ဒီလောက်ဆိုရင် စိတ်ဝင်စားသင့်ပြီပေါ့။

ဘယ်လိုသုံးရမလဲဆိုတာကိုတော့ ဒီနေရာမှာ ဖတ်ကြည့်ပြီး ဆက်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဂူဂယ်လ်ရဲ့ DNS IP ၂ ခု ဖြစ်တဲ့ ၈.၈.၈.၈ နဲ့ ၈.၈.၄.၄ ကို အောက်ကပုံတွေမှာပြထားတဲ့အတိုင်း ထည့်လိုက်ရုံပါပဲ။



ဂူဂယ်လ်ရဲ့ အများသုံး DNS အကြောင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved