လူထု ဦးစိန်ဝင်း စာမူများ သမီးဖြစ်သူထံ ခွင့်တောင်းရန် လို

Saturday, August 18, 2012


ကွယ်လွန်သူ သတင်းစာဆရာ၊ စာရေးဆရာ လူထု ဦးစိန်ဝင်းရဲ့ စာမူ၊ ဆောင်းပါး၊ စာအုပ်များနဲ့ပတ်သက်ပြီး မည်သည့်နည်းနှင့် မဆို ပြန်လည် ထုတ်လုပ်၊ ပုံနှိပ်၊ ဖော်ပြတဲ့အခါ ဆရာ လူထု ဦးစိန်ဝင်းရဲ့ သမီးဖြစ် သူ ဒေါ်ချောအိဝင်းဇော်ထံတွင် ခွင့်ပြုချက်တောင်းခံရန် မေတ္တာရပ်ခံမှုကို သမီးဖြစ်သူက မြန်မာ့အလင်း သတင်းစာမှာ ကြေညာထားပါတယ်။

ဆရာကြီး မကွယ်လွန်မီက ဆရာကြီးထံက ခွင့်ပြုချက်ယူထားသည့် စာမူ၊ ဆောင်းပါးတွေ စသဖြင့် ရှိခဲ့ပါရင် လည်း ဒေါ်ချောအိဝင်းဇော် ထံ အကြောင်းကြားခွင့်ပြုချက်ယူဖို့ မေတ္တာ ရပ်ခံစာမှာ ထည့်သွင်းဖော်ပြထားပါ တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved