အနုပညာ နှလုံးသားနဲ့ သံမဏိစိတ်ဓာတ်ပိုင်ရှင်များ

Saturday, August 4, 2012

ဓာတ်ပုံ- မစုစုနွေး


ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တိုက်ပွဲ ၀င်နေကြတဲ့သူတွေရဲ့ စိတ်ဟာ အလွန်မာကျောမယ်လို့ အများက ထင်မှတ်ထားကြမှာပါ။ တကယ်ပဲ စိတ်ဓာတ်နဲ့ ခံယူချက်က ခိုင်မာပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ပုဂ္ဂိလိက ဘ၀တွေမှာ အလွန်သိမ်မွေ့ နူးညံ့တဲ့ စိတ်တွေနဲ့ အနုပညာ ၀ါသနာပါကြတာကို သတိထားမိသူ နည်းကြမယ်ထင်ပါတယ်။

အခု မြင်ရတဲ့ ပုံကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက သီချင်းဆိုပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်း
ဆောင် ကိုမင်းကိုနိုင်က အော်ဂင် တီးခတ်ပေးနေတာပဲဖြစ်ပါတယ်။ အမြည်းသဘောနဲ့ သူတို့ရဲ့ အနုပညာကို ခံစားနိုင်မယ်လို့ ထင်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တို့ရဲ့ အနုပညာကို တချက်လောက် အကဲခတ်နိုင်မယ့် ရုပ်သံ ပြကွက်ကလေး တခုပါ။ မစုစုနွေးကတော့ "ကျမက သီချင်းဆိုတယ်၊ ကိုကြီးမင်းကိုနိုင်က Organ (စန္ဒယား)တီးတယ်။ ၁၊ ၈၊၂၀၁၂၊ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ" လို့ မစုစုနွေးက ဆိုပါတယ်။


1 comments :

  1. May said... :

    Good vocalists.
    Who is the male singer? Ko Min Ko Naing?
    It would be better if we could listen the whole song.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved