ဒု သမ္မတနှင့် အဖွဲ့ ရခိုင်ပြည်နယ်ရောက်

Friday, August 3, 2012

အာဇာနည်နေ့အခမ်းအနား တက်လာသော ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဓာတ်ပုံ- Reuters

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အစိုးရ ၀န်ကြီးတချို့ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ရောက်ရှိလာခဲ့ပြီး ရဟတ်ယာဉ်ဖြင့် မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ပဋိပက္ခများ ဆိုင်ရာ ပြောခွင့်ရ ဦးဝင်မြိုင်က ဧရာဝတီကို ပြောပါတယ်။

ဒု သမ္မတနှင့် အဖွဲ့ သည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်မှုများကြောင့် ဒုက္ခရောက်သူများအား အကူအညီပေးရေး၊ ပြန် လည် ထူထောင်ရေးနှင့် ပျက်ဆီးသွားသည့် အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးရေး ကိစ္စများအတွက် လေ့လာဖို့ လာရောက်တာလို့လည်း သိရပါတယ်။

ဒု သမ္မတနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၂ ရက်တာ ရှိနေမည်ဖြစ်ပြီး ဒုက္ခသည် စခန်းများကိုလည်း သွားရောက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း စစ်တွေနဲ့ ပတ်ဝန်းကျင်မြို့တွေမှာ လုံခြုံရေးတွေလည်း တင်းကျပ်ထားတယ်လို့ သိရပါတယ်။

အစောပိုင်း သတင်းတွေအရ ရခိုင်ပြည်နယ်ကို သမ္မတ ဦးသိန်းစိန် လာမယ်ဆိုတဲ့အတွက် စစ်တွေမြို့က မြို့သူမြို့သား တွေက နိုင်ငံတော် အလံတွေနဲ့ ကြိုဆိုဖို့ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလည်း ဒုသမ္မတဟာ သမ္မတ ကိုယ်စားလာတာဖြစ်လို့ နိုင်ငံတော်အလံတွေ ဆက်လက်လွှင့် ထူဆဲဖြစ် တယ်လို့ ဒေသခံ တွေက ဧရာဝတီကို ပြောပါတယ်။

1 comments :

  1. hlaing aye said... :

    ဒုသမ္မတရဲ့ခရီးစဉ်မှာ ရခိုင်တိုင်းရင်းသားများ၏အခက်အခဲကိုဖြေရှင်းပေးပြီး လူနည်းစုဖြစ်သော အကြမ်းဖက်မှုတွင်မပါသော လူမျိုးခြားများရိုဟင်ဂျာများ၏ဒုက္ခကိုလည်းအကူအညီပေးစေလိုပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရွှေမြန်မာဒုက္ခသည်တွေ နိုင်ငံအတော်များများမှာ ရိုဟင်ဂျာတွေနည်းတူ ခံစားနေကြရလို့ပါပဲ။ လက်မ မကောင်းလက်မဖြတ်ပြီး သီတဂူဆရာတော်ဟောသလို တူတာတွေပေါင်းကာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါစေဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved