NLD ကို ဆန္ဒဘယ်လိုပြသလဲ -(ကော့သောင်းက လာတဲ့စာ)

Saturday, August 25, 2012

~






အင်တာနက်ဝက်ဆိုဒ်များတွင်ဖေါ်ပြနေကြသော(၂၀.၈.၂၀၁၂)ရက်နေ့ကော့သောင်းဆန္ဒပြသတင်းနှင့် ပက်သက်ပြီး ဖြစ်ရပ်မှန် ရှင်းလင်းချက်

၂၅ ဘြဂုတ် ၂၀၁၂ ကော့သောင်း


၂၀.၈.၂၀၁၂ ပါ အင်တာနက် ၀က်ဆိုဒ်များတွင် ဖေါ်ပြထားသော သတင်းများမှာ ကော့သောင်း အဖွဲ့ချုပ်ရုးံတွင်ရှေ့တွင် အဖွဲ့ချုပ် အဖွဲ့ဝင်(၅၀) ခန့် ညီလာခံ ကျင်းပရေးကော် မရှင် ဖွဲ့စည်းခြင်းကို ဆန္ဒပြ ကန့်ကွက် တယ်လို့ ပါလာပါတယ်

ဒီအဖြစ်ပျက်နှင့် ပက်သက်ပြီး အဖွဲ့ချုပ် ကော့သောင်းမှ အခြေနေမှန်ကို ရှင်းလင်း တင်ပြရခြင်းဖြစ်ပါတယ်၊

ဦးမြင့်မောင်နှင့် ဦးမျိုးလွင်တို့ ဦးဆောင်တဲ့ ဆန္ဒပြသူ (၇) ဦးခန့်ဟာ ရပ်/ကျေး နှင့်မြို့နယ်၊ ခရိုင် ကော်မရှင်အဖွဲ့ ဖွဲ့စည်းမှုအား ကန့်ကွက်သည့် အစာငတ်ခံ သဘောထားဖေါ် ထုတ်ပွဲ ဟု ရေးသားထားသော ဆိုင်းဘုတ်ကို စာုးပွဲပေါ်တွင် ထောင်ကာ ပြည်သူ လူထုကြီးကို ပန်ကြားလွှာဟု ခေါင်းစဉ် တပ်ထားသော ညီလာခံကျင်းပရေးကော်မရှင် ကန့်ကွက်စာများအား ဖြန့် ဝေခြင်းနှင့် ဟောပြောခြင်းများကို နေ့လည် (၁၂.၅၀) မီနှစ်မှ ညနေ (၄.၅၀) မီနစ်အထိ ၄ နာရီ ကြာ အစာငတ်ခံဆန္ဒပြသသည်ဟု လုပ်ဆောင်သွားကြ ခြင်းဖြစ်ပါသည်။

အင်တာနက်ဝက်ဆိုဒ်များတွင်ဖေါ်ပြထားသော ဓါတ်ပုံများမှာ မြောင်းမြမြို့မှ ဆန္ဒပြ ပုံများကို ထည့်သွင်းသွားခြင်းဖြစ်ပြီး အင်အားဖြစ်ပြသည့်ပုံအသွင် ထင်ရောင် ထင်မှားဖြစ်အောင် ဖေါ်ပြထားခြင်းဖြစ်ပါသည၊်

ပြည်သူလူထုကြီးကို ပန်ကြားလွှာဟု ခေါင်းစဉ်တပ်ထားသော စာအား စားပွဲတလုးံဖြစ် ဖက်ကြားနေသူ ဦးမျိုးလွင်နှင့် စာရွက် လိုက်လံဖြန့်ဝေသူ ဦးမြင့်မောင်၊ အပါဝင် လေးဦးသာ ဖြစ်ပါသည် ၄င်းတို့ လုပ်ရပ်များနှင့်ပက်သက်ပြီး ဓါတ်ပုံ အထောက်ထားနှင့် တင်ပြ လိုက်ပါတယ်။

ဖြစ်စဉ်နှင့်ပက်သက်ပြီး၊ဟောပြောနေသူသည် ထူးဆန်း အံ့ဘြဖွယ် အဆင်အယဉ် များကြောင့်လည်းကောင်း လက်ကမ်းစာစောင်များ ဝေငှနေချိန်ဖြစ်သောကြောင့်ကော့သောင်းမြို့
တွင်တကြိမ်တခါမှဖြစ်ပေါ်ခဲ့ခြင်း မရှိသည့်အတွက် လူစုလူဝေးဖြင့် လာရောက်ကြည့်ရှုကြခြင်းဖြစ်
သည့်အချိန်တွင် ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူကာ NLD ကို လူအင်အား ဖြင့် ဆန္ဒပြနေသည့်အသွင်ကို ဖန်တီးသည့် သဘောများကိုတွေ့ရှိရပါသည်

၎င်းတို့သည် ညီလာခံကျင်းပရေးကော်မရှင် အား အမြဲတမ်းအမှုဆောင်အဖွဲ့မဟုတ် အဆင့်ဆင့် သော အလုတ်မှုဆောင်များပေါ်ပေါက်စေရေးအတွက် ညီလာခံများကျင်းပစဉ် ကြီးကြပ်ပေးရန်သာ တာဝန်ရှိသော အဖွဲ့ဖြစ်ပြီး အဆင့်ဆင့်သော အမှုဆောင်များ ပေါ်ပေါက်လာပါက အောင် နိုင်ရေးကော်မတီကဲ့သို့ဖြတ်သိမ်းခံရမည့် အဖွဲ့ ညမ်းအဆင့်သာ ရှိသည်ကိုလည်း လစဉ်မြို့နယ်
ပုံမှန်အစည်းဝေးများနှင့် အဖွဲ့ချုပ်မှ အခါအားလျှော်စွာ ထုတ်ပြန် ထားချက်များ ရှိနေသည်။

သို့သော်လည်း ယခုလိုမိမိပါတီိကို ဆန္ဒပြခြင်းမှ သွေးရိုးသားရိုး မဟုတ်ပဲ ညီလာခံပျက်စီးရာ ပျက်စီးကြောင်း ဦး တည် လုပ်ဆောင်နေသကဲ့သို့ ဖြစ်နေပါသည်

ထိုကြောင့် အင်တာနက်ဝက်ဆိုဒ်များတွင်ဖေါ်ပြ
နေကြသော(၂၀.၈.၂၀၁၂)ရက်နေ့ကော့သောင်း ဆန္ဒပြ သတင်းနှင့် ပက်သက်ပြီး ဖြစ်ရပ်မှန် ရှင်းလင်းချက်အား အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ ထင်ရောင် ထင်မှား မဖြစ်အောင် ဓါတ်ပုံနှင့်တကွ တင်ပြလိုက်ပါသည်။



~

1 comments :

  1. Anonymous said... :

    ကိုယ့်အလှည့်ကျတော့ ကာတတ်လိုက်တာ ။ လူဟာလူ ပါပဲ ။ လုပ်ပိုင်ခွင့်ရလိုက်တာနဲ့ အာဏာပြတော့တာပဲ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved