အစ္စရေးနိုင်ငံ Kfer Kedem ရွာလေးက ပန်းခြံကိုရောက်ရင် WiFi router တပ်ထားတဲ့ မြည်းလေးတွေရဲ့ ကျောပေါ်ထိုင်၊ ပန်းခြံထဲ လှည့်ပတ်ရင်းက Facebook, Twitter တွေမှာ ဓာတ်ပုံတွေတင်ရင်း သင်ဘယ်ကိုရောက်နေတယ် ဘာတွေ လုပ်နေတယ်ဆိုတာ သင့်မိတ်ဆွေတွေကို ပြောလို့ရပါတော့မယ်။
အဲ့ဒီပန်းခြံမှာရှိတဲ့ မြည်းအကောင် ၃၀ ထဲက ၅ ကောင်မှာ WiFi router တွေ တပ်ထားပြီးပြီ၊ ကျန်တဲ့အကောင်လေးတွေမှာလည်း ထပ်တပ်ဖို့ ရှိတဲ့လို့ စိတ်ကူးကောင်းတဲ့ ပန်းခြံ မန်နေဂျာက ဆိုပါတယ်။
အစ္စရေးနိုင်ငံခရီးစဉ်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်ခရီးစဉ် ဖြစ်လို့ ခရီးစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့၊ သမိုင်းကြောင်းဆိုင်ရာ ပြကွက်တွေ ခင်းကျင်းပြသရာ ဒီပန်းခြံလေးကို ခရီးသွားတွေ လာကြတဲ့အခါ ဒီ WiFi မြည်းလေးတွေကို သေချာပေါက် စီးကြမှာပါပဲ။
Source – Times of Israel

0 comments :
Post a Comment