မင်းသား ဘရုစ်(စ်) ဝီလီလည်း Apple ကို တရားစွဲ

Monday, September 10, 2012

~





Apple ကိုတရားစွဲသူတွေက အာရှသားတွေ တင်မဟုတ်ပါဘူး။ ဂျာမန်ဖွား အမေရိကန် သရုပ်ဆောင် မင်းသား ဘရုစ်(စ်) ဝီလီ (Bruce Willis) လည်း ပါဝင်လာပါတယ်။ တရားစွဲပုံက ဒီလိုပါ။

ဝီလီဟာ iTunes မှ သီချင်းများကို အမေရိကန်ဒေါ်လာ ထောင်ချီ အကုန်ကျခံပြီး သူ့ရဲ့  iPod တွေထဲ Download ဆွဲ ဝယ်ယူခဲ့သူပါ။
ပြီးတော့ သူ့သားသမီးတွေဆီ သီချင်းတွေ ပြန်လည် Copy, Paste လုပ်ပေးဖို့ကတော့ အဆင်မပြေနိုင်ဘူး ဖြစ်နေပါတယ်။
ဒီတော့ Apple ကသီချင်းပိုင်သူလည်း မဟုတ်ပဲနဲ့ ကြားထဲကနေ ငွေကြေး အမြတ်ထုတ်နေပါတယ်လို့ ဝီလီက ယူဆတာပါ။
ဒါကြောင့် သူကုန်ကျခဲ့တဲ့ အမေရိကန်ဒေါ်လာ ထောင်ချီ တဲ့ ငွေကြေးအတွက် Apple ကိုတရားစွဲလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Apple ဘက်က အကြောင်းမပြန်သေးပါဘူး။ ဖျော်ဖြေရေးဆိုင်ရာ ရှေ့ နေဖြစ်သူ Jonathan Handel ကတော့ ဒီလိုဆိုထားပါတယ်။
“စာအုပ်တစ် အုပ်ကို ဝယ်လိုက်တယ်။ ယင်းစာအုပ်ရဲ့ ကော်ပီကိုပဲ ရရှိလိုက်တာပါ။ သူ့ရဲ့ မူရင်း ပစ္စည်းကို ပိုင်ဆိုင်ရရှိသွားတာမျိုး မဟုတ်ပါဘူး။ ပစ္စည်းတစ်ခုမှာ အသုံးပြုဖို့အတွက် သူနဲ့သက်ဆိုင်တဲ့ဆီက သီချင်းကို ဝယ်လိုက် တယ်။ ပြီတော့ အသုံးပြုတယ်။ ဒီမှာ ဘာမှ မှားယွင်းမှု မရှိပါဘူး” ဟူ၍ ဖြစ်ပါတယ်။

"When you buy a book, you own the copy of that book but not the actual material,. What you are buying here is right to use music on certain devices."

Daily Mail တို့လို နာမည်ကြီး သတင်းစာများက ယခုလိုဖော်ပြပါတယ်။ Apple ရဲ့  iTunes စတိုးမှာ သဘောတူညီချက် (Agreement) ထားရှိထားပါတယ်။ တစ်စုံတစ်ခုကို Download ဆွဲရင် သိရှိသဘော တူညီစေဖို့ ဖြစ်ပါ တယ်။ ဒါကြောင့် iTunes ကသီချင်းဝယ်တယ်ဆိုတာ Apple ထုတ်ကုန်ပ္စည်း များမှာ သီချင်းနားထောင်ဖို့အတွက် အခကြေးငွေ ပေးဆောင်ခြင်း သဘောမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက် သက်ဆိုင်ရာ မူရင်း ပိုင်ရှင် များနဲ့လည်း Agreement ရယူပြီးသား ဖြစ်ပါတယ်။ ဒီတော့ Apple မှ အခကြေးငွေပေးပြီး ဝယ်ယူတဲ့ သီချင်း၊ ဗီဒီယို၊ Application မှန်သမျှကို အခြား Apple မဟုတ်သော Device များထံ မကူးပြောင်းစေရန် အတတ်နိုင်ဆုံး ကာကွယ်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် Apple အနေနဲ့ မူပိုင်ခွင့် အသာစီးယူလွန်းအားကြီးပြီး စီးပွားရှာ အမြတ်ထုတ်တယ်လို့လည်း user အချို့ က မကျေမနပ် ဖြစ်နေကြတာပါ။
ဒီလို မကျေမနပ်ဖြစ်မှုများနေချိန်မှာ ဘရုစ်(စ်)ဝီလီရဲ့  တရားစွဲဆိုချက်က Apple – iTunes ရဲ့  ပေါ်လစီကို ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေကြပါတယ်။
----
Ref:DailyMail
Aung Kham (TSJ tech Team)
TechSpace ဂျာနယ်
http://techspacejournal.blogspot.com/2012/09/apple.html


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved