ပြည်ထောင်စု ၀န်ကြီးသစ်များ ကျမ်းသစ္စာ ကျိန်ဆို

Friday, September 7, 2012


ကျမ်းသစ္စာ ကျိန်ဆိုနေကြသည် ပြည်ထောင်စုဝန်ကြီးများပါဝင်သော ကျမ်းကျိန်သူ ၁၃ ဦး ၊ ဓာတ်ပုံ - Popular Myanmar News


အမျိုးသမီး တဦးနဲ့ ကာကွယ်ရေး ၀န်ကြီးသစ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် ပါဝင်တဲ့ ပြည်ထောင်စု ၀န်ကြီး
၁၁ ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဦးဝင်းကို၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက် စုစုပေါင်း ၁၃ ဦးဟာ ဒီကနေ့ ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်မှာ ကျမ်းသစ္စာ
ကျိန်ဆိုကြောင်း မြန်မာ့ ရုပ်မြင်သံကြား ကြားဖြတ်သတင်းမှာ ကြေညာသွားပါတယ်။

1 comments :

  1. Anonymous said... :

    သမတကြီးလဲ စစ်ထွက်တွေက ပြည်သူတို့ အာဏာပိုင်စိုးတဲ့ ဒီမိုကရေစီခေတ်မှာ သိပ်ပြီး သုံးစားလို့ မရမှန်း ခပ်ရေးရေးတော့ သဘောပေါက်လာပြီထင်ပ။
    ကိုယ်ကျိုးရှာ၊ ပြည်သူတွေကို အရေးမစိုက်၊ ထင်ရာစိုင်းအုပ်စုကတော့ တဖြေးဖြေး နောက်ကိုရောက်သွားပါပြီ။
    ဒါပေမဲ့ ပြည်ထဲရေးက ဒု-ဗိုလ်ချုပ်ကြီးကိုကို ကတော့ သက်တော်ရှည်ဝန်ကြီးထင်ပ၊ သူ့ကိုတော့ လက်ဖျားနဲ့ မတို့ထိသေးဘူး။
    သူ့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လူတွေကိုဖမ်းဆီးပြီး စစ်ဆေးရင်း လက်လွန်လို့ သေကုန်တာ၊ မြေသိမ်းခံတောင်သူတွေကို စစ်တပ်လက်ဝါးကြီးအုပ် ဦးပိုင်ရဲ့စားကွက်ကြီးတွေနား လာကပ်လို့ ဖမ်းတာ၊ဆီးတာတွေက စစ်မာရှယ်လောခေတ်ကလို ပြန်ပြီး ပြုမူနေတာက သမတကြီးပြောတဲ့ ခေတ်နောက်ပြန်ဆွဲနေတယ်လို့ ထင်မိကြောင်းပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved