ကနေဒါ သံရုံး မြန်မာပြည်မှာ ဖွင့်တော့မယ်

Tuesday, September 4, 2012

~








မြန်မာနိုင်ငံမှာ များမကြာမီကာလအတွင်း ကနေဒါ သံရုံးစိုက်ဖို့ အစီအစဉ်ရှိတဲ့ အကြောင်း မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံ ကုန်သွယ်ရေး ၀န်ကြီးက ထပ်လောင်းပြောဆိုပါတယ်။

ကနေဒါ ကုန်သွယ်ရေး ၀န်ကြီး မစ္စတာ Ed Fast က ပြောရာမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ရှာဖွေလုပ် လိုတဲ့ သူတွေ၊ ကနေဒါ ကုမ္ပဏီကြီးတွေကို အကူအညီပေးဖို့ စိတ်ကူးရှိပါတယ်လို့ ဆိုပါတယ်။

ယမန်နေ့ကတော့ နေပြည်တော် သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်းနွေးထွေစွာတွေ့ဆုံကြပြီး သမ္မတ ဦးသိန်းစိန်ကလည်း ကနေဒါနိုင်ငံကို စီးပွားရေးဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့နဲ့ လာရောက် ရင်းနှီးမြှပ်နှံရန် ဖိတ်ကြားခဲ့ပါသေးတယ်။

ကနေဒါ ၀န်ကြီးကလည်း မြန်မာနဲ့ ကနေဒါ ကုန်သွယ်မှုကို ခိုင်မာတဲ့ ဆက်ဆံရေး၊ ကုန်သွယ်ဖက်ဖြစ်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ကနေဒါ နိုင်ငံဟာ အာရှ နိုင်ငံတခုဖြစ်တဲ့ မြန်မာနဲ့ ယခုနှစ်ဆန်းပိုင်းက စပြီး ပုံမှန်ဆက်ဆံရေး ပြန်ထားခဲ့ပြီး သံရုံးဖွင့်ဖို့လည်း ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရရဲ့ ကတိပေးထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကတော့ အခုထိ မပြီးပြတ်သေးဘူးလို့ သူက မှတ်ချက် ပြုထားတဲ့အကြောင်း ကနေဒါ သတင်းတခုမှာ ဖော်ပြထားပါတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved