သဘာဝမြန်မာ လာပါပြီ

Thursday, September 20, 2012





မန်းသားလေး ~ 

 
စာရေးဆရာ ဆူးငှက်

မန္တလေးအခြေစိုက် မဂ္ဂဇင်း တစောင် ထပ်မံ ထွက်ပေါ်လာပါပြီ။ 
မဂ္ဂဇင်းသစ်ကို သဘာဝမြန်မာ လို့ အမည်ပေးထားပါတယ်။ 

 အခုဆိုရင် သဘာဝမြန်မာဓာတ်ပုံ မဂ္ဂဇင်း အပါအ၀င် မန္တလေးအခြေပြုမဂ္ဂဇင်း စုစုပေါင်း ၅ စောင် ရှိနေပါပြီ။ 


မဂ္ဂဇင်းသစ်မှာ 
- သဘာအလှကို ပုံဖော်သည့် Myanmar Scenery 
- တိုင်းရင်းသားများ၏ ဘ၀နှင့်ရသအတွက် Life Style 
- လူနေမှုဘ၀ကို သရုပ်ကျကျ ပုံဖော်ပေးမည့် Documentary Photo
- နိုင်ငံကျော် အနုပညာရှင်ကြီးများကို ဖော်ပြပေးမည့် Masterpiece Of Photographer 
- ငှက်များ၏ သဘာဝကို လေ့လာနိုင်သော birds in myanmar 
အစရှိတဲ့ကဏ္ဍများ၊ ဓာတ်ပုံပညာရပ်ဆိုင်ရာဆောင်းပါးများ ပါဝင်ပါတယ်။ 

အယ်ဒီတာချုပ်က စာရေးဆရာ ဆူးငှက် ဖြစ်ပါတယ်။ 
မဂ္ဂဇင်းရုံးခန်းက ၆၃လမ်း၊ ၂၉လမ်းနှင့် ၃၀ကြား၊ ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

သဘာဝမြန်မာကို "ထူး" ဖောင်ဒေးရှင်းက ထုတ်ဝေတာပါ။


 
သဘာဝမြန်မာ မဂ္ဂဇင်းစာလုံး အရောင်က AGD ဘဏ်၊ အဲပုဂံ အစရှိတဲ့ "ထူး" အရောင်များအတိုင်း စိမ်းပြာရောင် ဖြစ်ပါတယ်။ 



ဓာတ်ပုံပညာရှင် ဒေါက်တာမောင်မောင်ကြီး (ဆေးမန်း) 

သဘာဝမြန်မာ ပေါ်ပေါက်ရေး ဆောင်ရွက်သူများ






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved