ဒေါသစိတ်ကြောင့် လူသတ်မှုနဲ့ တရားစွဲခံလိုက်ရတဲ့ မေဇွန်

Thursday, September 13, 2012


ဒေါသအလျောက် ဖြစ်တတ်တဲ့ သဘာဝက အခုတော့ လူသတ်မှုနဲ့ တရားစွဲ ခံလိုက်ရတဲ့အဖြစ် အထိ ရောက်သွား ခဲ့တယ်။ MRTV 4 က ရုပ်သံ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်အဖြစ်ရွေးချယ်ခံထားရတဲ့ မမေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး တယောက်က အိမ်ဖော်မိန်းကလေးငယ် ကို နှိပ်စက် ရာက ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်မှာ လူသတ်မှုအဖြစ် ပြောင်းလဲ တရားစွဲမှုခံလိုက်ရတာပါ။



သေဆုံးသွားတဲ့ မနုနုလွင်ဆိုတဲ့ အိမ်ဖော်မလေးကို သူကိုယ်တိုင် သတ်လိုက်တယ်လို့ အိမ်ရှင် မမေဇွန်က ၀န်ခံလိုက်တဲ့ အကြောင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါလာပါပြီ။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က မမေဇွန် ခရီးသွားပြီး ပြန်လာမှ ကမာရွတ်မြို့နယ်က သူ နေထိုင်ရာ တိုက်ခန်းပေါ်တက်၊ ပြေးဆင်းပြီး ရပ်ကွက်ကို အကူ အညီတောင်း ရဲစခန်းအကြောင်းကြားလို့ ပုပ်ပွနေတဲ့ အိမ်ဖော်မလေးရဲ့ အလောင်းကို ရဲတွေက တွေ့ရှိပြီး ပထမတော့ လူသေမှုနဲ့ ရဲက အမှုဖွင့်ထားခဲ့တာပါ။

ဒါပေမယ့် သံသယဖြစ်စရာ အလောင်းက ဒဏ်ရာတွေနဲ့ကြောင့် အိမ်ရှင် မေဇွန်နဲ့ နောက်ထပ် အိမ်ဖော် မလေး ဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် မဇင်ဇင်ထိုက်ကို စစ်ဆေးရင်းက အခုလို လူသတ်မှုကို ၀န်ခံ ထွက်ချက်ပေး လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲမှူးက ပြောပါသတဲ့။



မေဇွန်က အိမ်အကူ မိန်းကလေးကို စိတ်မထင်ရင် မထင်သလို ဆံပင်ဆွဲ ခေါင်းနဲ့ နံရံဆောင့်တာ၊ တုတ်နဲ့ ရိုက်တာ၊ ဗိုက်ပေါ် တက်ခုန်တာ၊ အိမ်ဖော်ချင်း ရိုက်ခိုင်း တာတွေလည်း လုပ်တယ်လို့ စစ်ဆေးချက်တွေမှာ သိရတယ်လို့ ဆိုပါတယ်။

တကယ်တော့ မေဇွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က MRTV-4 က စီစဉ်ရိုက်ကူးတဲ့ Flowers & Butterflies ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို လုပ်ခဲ့ပါသေးတယ်။




စာနယ်ဇင်းရှင်းလင်းပွဲကို အဲဒီနေ့က Park Royal Hotel, Ballroom ခန်းမတွင် နံနက် (၁၀) နာရီမှ နေ့လည် (၁၂) နာရီအထိ ကျင်းပပြုလုပ်ခဲ့စဉ်က မေဇွန်ဟာ ယောကျာ်း စိတ်ပေါက်နေ တဲ့ ကောင်မလေး တစ်ဦး၊ ယောင်္ကျား စိတ်ပေါက် နေပေမယ့် နှလုံးသား နူးညံ့သိမ်မွေ့ပြီး သူတပါးကို ကူညီ တတ်သူ၊ သူငယ်ချင်းတွေကိုလည်း ခင်တွယ် တတ်တဲ့ “ဆာကူရာ”အဖြစ် သရုပ်ဆောင်မယ့်အကြောင်း မိတ်ဆက် ကြော်ငြာခံခဲ့သူလည်းဖြစ်ပါတယ်။

အခုတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ တခြားစီဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲခံလိုက်ရပါ တယ်။ သူရဲ့ ဇာတ်ရုပ်နေရာအတွက်လည်း သရုပ်ဆောင်သစ် နောက်တဦး ရွေးချယ်တော့မယ်လို့လည်း ဒါရိုက်တာက ပြောလိုက်ရပါ ပြီ။

ခဏတာဖြစ်တတ်တဲ့ ဒေါသ စိတ်ကလေးက မေဇွန်ရဲ့ ဘ၀ တာ ကို ပြောင်းလဲ သွားစေခဲ့ပြီလား။



မှတ်ချက် - ယခင် ပေးဖြစ်ခဲ့တဲ့ ခေါင်းစဉ်က "ဒေါသစိတ်ကြောင့် လူသတ်တရားခံ ဖြစ်သွားတဲ့ မေဇွန်" ပါ။ တင်ပြီး နာရီပိုင်းအတွင်း ခေါင်းစဉ် ပြန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။






18 comments :

  1. သူ့ကိုစပွန်စာပေးထားတဲ့သူရှိတယ်လို့ကြားမိတယ်

  1. May said... :

    It is not due to anger.
    It is just bullying.
    Everybody should have sympathy and empathy to a person who has a weaker point or disability because they are also humanbeing.
    Bullying is the worst impact for a person's dignity.

  1. SAI SAI said... :

    လူတယောက်ကိုသတ်ဖို့ဆိုတာ၊သာမန်လူတွေအဖို့တော် တော်ကြီးကိုမလွယ်တဲ့ကိစ္စပါ။ဒီကောင်မလေးကိုဘယ်လို ပြောရမှန်းတောင်မသိတော့ဘူး။

  1. Anonymous said... :

    in this young age
    with this career
    with this physical features of ' actor ' .

    and with this kind of behavior........

    Yes, 'Bullying ' is one issue.
    And that 'bulling ' character is one feature of her others features...some mental disorder behind it.

    She has to face legal action for what she has done. Can not use as ' mental illness/ disorder ' as defense.

    Who is going to say ' Forgive and forget ' in this scenario?

    Like many garrulous/ verbose / echoing/ loquacious/controversial/ ' a little knowledge is very dangerous / ........people online used to say ' We are Buddhists, Let's forget it. Leave the past behind ' .......easily . .easily .......easily .. so easily .
    ( If you claimed you are Buddhist for defense, you'd better not do it from the beginning )

    Let's keep it that way = Religion and Buddhism may forgive . I said ' May ' . But Law Does Not. Justice does not - never ever use Buddhism or Religion as a tool to ' run away ' from justice. It is all up to judicial system and judicial body of the country. . I just wanna say that words while commenting this topic.

    Very interesting subject. To study this person. In Western world, this actor will be studied by researchers , by consent. That is the difference between ' developing countries ' and ' developed countries' . Some may not believe this what I said.

  1. Anonymous said... :


    အသက်ငယ်ငယ် ချောချောလှလှ လေးနဲ့ မဆင်မချင်
    လုပ်မိတဲ့ အမှားကြောင့် သေတဲ့သူသေ ပြစ်ဒဏ်ခံရ
    တဲ့သူခံရနဲ့ ကြားရ မြင်ရ တာစိတ်မကောင်းပါဘူး

  1. Anonymous said... :

    ခဏတာဖြစ်တဲ့ ဒေါသစိတ် လုံးးးးးး ၀ မဟုတ်ပါ။ အမှန်တန် အကြင်နာကင်း၊ ရက်စက်ယုတ်မာလို့  အမြဲတမ်း နှိပ်စက်၊ နောက်ဆုံး သတ်တဲ့အထိဖြစ်တာပါ။ လူတွေရဲ့  စိတ်တွေ ဘယ်လို ဖြစ်ကုန်ပါလိမ့်။ ဘာကြောင့် ဒီလို လူမဆန်တဲ့၊ မစာနာတတ်တဲ့ စိတ်တွေ ရှိနေကြတာလဲ။

  1. ဟိတ်ကောင် ငါရေး တဲ့ အမှန်တရားကို မင်းတင် မ ပေးချင် တာ ဘာ ကြောင့် လဲ ယောကျာင်္း တွေ ကွ

  1. Anonymous said... :

    ဒေါသစိတ်ကလေး ဘာတဲ့။ ဒေါ်ဒေါ်နွဲ့ယဉ်ဝင်း အရှေ့မရောက် အနောက်မရောက်ဆိုတာလေ။ အပြည့်တော့မမှတ်မိတော့ဘူး။ လုပ်ရက်တယ်ဟယ်၊ ကြောက်စာကြီး။ နှမြောလိုက်တာဟယ် ညီမလေးရယ်။ ခွီးခွီး

  1. Anonymous said... :

    တော်တော်ဒေါသကြီးတာပဲ

  1. လူသတ်မှူ murder case ပဲ ဖြစ် ဖြစ် လူ သေမှူ man slaughter case ပဲ ဖြစ် ဖြစ် အပြစ်ကြီးတာ ချည်းပဲ။ ထောင်ကျတာချည်းပဲ ။ ခုဟာက bullying တောင် ပါသေးတယ်။

  1. Kyaw Lwin Phyo said... :

    တစ်မျိုးပဲနော်...
    သူကလဲ သတ်တယ် ပြီးတော့ အလောင်းကြီး ဒီတိုင်းထားခဲ့ပြီး ခရီးထွက်သွားတယ်
    ပြန်လာတော့ အလောင်းကို တွေ့ပြီး ရဲကိုသွားတိုင်တယ်....
    တစ်မျိုးပဲ.......

  1. Anonymous said... :

    Its called sadism. Getting sexual gratification by torturing other people.

  1. Anonymous said... :

    ကျန်တဲ့လူတွေင်္လဲသင်ခန်းစာယူနိုင်ကျပါစေ

  1. Anonymous said... :

    တစ်ကယ်ရက်စက်တာပဲ ဒီလိုတော့မလုပ်သင့်ပါဘူး

  1. zin zin said... :

    ရုတ်တရက် ဒေါသကြောင့်လို့တော့ ပြောရခက်ပါတယ် ........ အမြဲတမ်းနှိပ်စက်ခဲ့တယ် ဆိုတော့လေ
    သူရဲ့ ပင်ကိုယ် စိတ်ကကို ကြမ်းတမ်းလို့ပေါ့

  1. ရုပ်နဲ့တောင်မထင်ရက်စရာရက်စက်လိုက်တာ။

  1. Anonymous said... :

    Psycho...

  1. Anonymous said... :

    ဘာ ကြီး လဲ မြန် မာ မှာ လဲ ဒီ လို တွေ ဖြစ် လာ ပြီ လား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved