ဗိုလ်မှူးချု့ပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရားဖူးခွင့် ရပြီ

Saturday, September 8, 2012

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော

တရုတ် နိုင်ငံမှာ ရှိနေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျောဇော်ကို ပြည်တော်ပြန်ခွင့်ရပြီး ရွှေတိဂုံ ဘုရားလည်းဖူးခွင့် ရပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံနေရသော အသက် ၉၃ နှစ်ရှိ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကူမင်းမြို့ ဆေးရုံကြီး တွင် အရေးပေါ် ဆေးကုသနေရပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားကို ဖူးမျှော်ရန် ဆန္ဒရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

အခုတော့ သမ္မတ ဦးသိန်းစိန်က ပြန်လာမယ်ဆိုရင် ကြိုဆိုပါကြောင်း သမ္မတရုံး ၀န်ကြီးတဦးဖြစ်တဲ့ ဦးအောင်မင်း က The Voice Weekly ကို ယမန်နေ့ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

“နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒ ကို သိရှိပြီး ရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသား တစ်ဦး၏ ရွှေတိဂုံစေတီတော်ကို ဖူးမျှော် လိုသည့် ဆန္ဒကို အလေးအနက် ထားသည့်အတွက် ပြန်လာရန် ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏ ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇော ကို အကြောင်းပြန်ကြားထားပြီးဖြစ် သည် ဟု ၀န်ကြီးက ရှင်းပြသည်” ဟု The Voice Weekly တွင်ဖော်ပြထားပါတယ်။

နောက်ဆုံးလက်ကျန် ရဲဘော်သုံးကျိပ်ဝင် နှစ်ဦးအနက်မှ တဦးဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်ဇော၏ ကျန်းမာရေးမှာ စိုးရိမ် စရာ ရှိနေပြီ ဖြစ်ကြောင်း၊ ဆေးရုံကြီး၏ အသက်ကယ်ဆောင်တွင် ထားရှိ၍ ကုသနေရပြီး အောက်ဆီဂျင်ဘူး အကူအညီ ဖြင့် အသက်ရှုနေရ ကြောင်း၊ အစာကိုလည်း ပိုက်ဖြင့် သွင်းနေရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က ဧရာဝတီကို ပြောခဲ့ပါတယ်။

“မီးစာကုန်ဆီခမ်းတဲ့ အရွယ်ပါ၊ စိတ်မကောင်းတာက စစ်သားပဲကွာ သေဆိုလည်း သေရမှာပေါ့၊ ဒါပေမယ့် ဖေဖေ နောက် ဆုံး အကြိမ် ရွှေတိဂုံဘုရားကို ဖူးချင်တယ်လို့ ပြောတာကိုပါ”ဟု သူက ပြောထားတာပါ။

ပြည်တော်ပြန်ကာ ရွှေတိဂုံဘုရားဖူးမျှော်လိုတဲ့ သတင်းကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက ရန်ပိုင် ရေးသားသည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော် ရွှေတိဂုံဘုရား နောက်ဆုံးဖူးရန် ဆန္ဒရှိ ဆိုတဲ့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

4 comments :

  1. Anonymous said... :

    အေးဗျာ ကြားရတာ ဝမ်းသာ ကြည်နူးရပါတယ်
    ခုတလော သတင်းကောင်းတွေ ကြားနေရတယ်
    ခေါင်မာလွန်းတဲ့ ကိုမိုးသီးတောင် ပြည်တော်ပြန်ပြီး အပြောင်းအလဲ ကို အသိအမှတ်ပြုနေပြီတဲ့
    ဦးသိန်းစိန်အစိုးရလဲ လူထုအသံကိုနားထောင်နေတာတော့
    သေချာတယ်ကွာ။
    ကောင်းပါတယ်
    နှစ်ပေါင်းများစွာ မကြားခဲ့ရတဲ့ သတင်းကောင်းတွေ ကြားနေရပြီ

  1. Anonymous said... :

    ကျေးဇူးတင်လိုက်တာဗျာ။

  1. Anonymous said... :

    ဗိုလ်ချုပ်ကျော်ဇော် ဗမာပြည်က ရွှေတိဂုံ ဘုရားကြီးဖူးမျှော်ခွင့်ရတော့မယ်ဆိုတာ အထူးဝမ်းသာမိပါတယ်။ ဗိုလ်ချုပ်ကျော်ဇော်အသက်ရှည်ကျမ်းမာပါစေ။

  1. mya said... :

    ဗိုလ်ချုပ်ကျော်ဇော၏အပြန်ခရီးကိုဘယ်နေရာကမဆိုကျမကြိုဆိုလိုလှပါတယ်ရှင့်
    ရွှေတိဂုံဖူးမျှော်လိုတဲ့သူ့ဆန္ဒကိုလည်းသာဓုသာဓုသာဓုသုံးကြိမ်ခေါ်ဆိုဦးညွတ်လိုက်ပါတယ်ရှင့်

    ချစ်ခင်လေးစားကြည်ညိုစွာဖြင့်
    မြနှောင်းညို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved