မိခင်ကို စိတ်ချမ်းသာစေခဲ့တဲ့ မယ်သီလရှင် သင်ဇာဝင့်ကျော်

Tuesday, September 18, 2012

သတင်း၊ ဓာတ်ပုံ - ပေါ်ပြူလာ ဂျာနယ်

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ ဝတ်ဖို့လည်း အခြေ အနေမပေးခဲ့ဘူး။ အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။ သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။ သူ့အတွက် အညံ့တွေ လည်းကင်းစင်သွားတာပေါ့။ သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ် လာတာတို့ဆိုရင် အန်တီ့ကို တိုင်ပင်တယ်။ အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ ထိုင်တာကအစ မိဘအနေနဲ့ သွန်သင်ဆုံးမတယ်။ တစ်ခါတလေ ကျရင်လည်း အန်တီတို့ခေတ်နဲ့ မတူတော့ တာတွေကို နားလည်ပေးရတာတွေ ရှိတယ်။ အန်တီက စီးပွားရေး အရရော၊ ကျန်းမာရေးအရရော သူ့နောက်ကို လိုက်နိုင် တာမျိုး မရှိတဲ့အတွက် အမေ အနားမှာမရှိတော့ လူငယ်တစ်ယောက်အနေနဲ့ သူ့ဘာသာသူ ဆုံးဖြတ်ရတယ်။ အမှားတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အန်တီက သူ့ကို အကြံဥာဏ်တွေ အကောင်းဆုံးပေးတယ်။ အခုလို သီလရှင်ဝတ်ဖို့ကိုလည်း အတတ်နိုင်ဆုံး သူ့အတွက် လုပ်ပေးတာ ပါ။ သူ့အတွက် အိမ်ထောင် ဖက်ဆို တာကလည်း အန်တီတို့တုန်းက ကိုယ့်စိတ်ကြိုက် ရွေးထားတဲ့အတွက်ကြောင့် သူ့ကို ဘယ်သူဘယ်ဝါကိုယူ ဆိုတာကိုမျိုး မသတ်မှတ် ဘဲ သူကြိုက်တာကို ရွေးချယ်ပြီး ဘဝကို လျှောက်စေချင်တယ်။ "လို့ ပီတိစကား ဆိုခဲ့ပါတယ်။

မေမွန်မောင်၊ ဝဿန်

ပေါ်ပြူလာ ဂျာနယ် ဖေ့စ်ဘုတ်စာမျက်နှာ

6 comments :

  1. Anonymous said... :

    မယ်သီလ လည်း လက်သည်းပြာလေးနဲ့ဆိုတော့ Good ပ။ :P

  1. Anonymous said... :

    သီလရှင်ကလည်း လက်သဲဆိုးဆေးလေးတော. ဖျတ်လိုက်ပါဦးဗျာ

  1. သူနှစ်သက်ရာလမ်းကိုလျှောက်စေသတည်းဆိုရင်...ဘဖြစ်သွားမလဲဟ...အမှားအမှန်ကိုတော့ထိန်းသိမ်း၊ပြောဆို၊ရိုက်နှက် ရဦးမပေါ့......

  1. Anonymous said... :

    အနုပညာရှင်တွေရဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ ဖက်ရှင်တွေပါ။ အားမပေးပါဘူး။ အမြင်ကတ်စရာကောင်းတယ်ဗျို့။

  1. Unknown said... :

    သီလရှင်ဝတ်တာတော့ ဘာသာရေးအရသာဓုခေါ်ပါတယ်။
    ဒါပေမယ့် သီလရှင်နဲ့လက်သဲပြာ ဘယ်လိုမှမအပ်စပ်တဲ့ပုံပါ၊ဘာသာရေးကိုခုတုန်းလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေ အဲဒါကတော့ကိုယ့်ဘာသာကိုစော်ကားသလိုပါပဲ။ဘယ်လို့အချက်မျိုးပဲဖြစ်ဖြစ် နိုင်ငံကျော်မင်းသမီးတစ်ယောက်အနေနဲ့ပိုပြီဂရုစိုက်သင့်ပါတယ် သူကြောင့်မြန်မာအမျိုးကောင်းသမီးလေးတွေ အတုယူမှားမှာစိုရိမ်မိပါတယ်...

  1. zaw myint said... :

    အနုပညာရှင်ဆိုတာကိုယ်ကျင်.သိက်ခါ ကောင်းသင်.တယ်လို.ထင်ပါတယ်အန်တီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved