ဝတ္ထုတိုတွေအကြောင်း ပြောဆိုကြတဲ့ စာဖတ်ဝိုင်း

Wednesday, September 5, 2012


~


ရွက်စိမ်း
~

ရွှေအမြု၏ ရွှေဆုရများ ဝတ္ထုတို စုစည်းမှု စာအုပ် အကြောင်း ဆွေးနွေးတဲ့ စာဖတ်ဝိုင်းကို တနင်္ဂနွေနေ့က ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က Home (House of Media& Entertainment) မှာ ပြုလုပ်ခဲ့ပါတယ်။

''လူငယ် စာဖတ်ဝိုင်းလေးတွေ ရှိတာကောင်းပါတယ်။ ဒီလိုပွဲမျိုးတွေမှာ မိမိအမြင်တွေကို တင်ပြပြောဆိုတာ၊ သူများအမြင်တွေကို ဖလှယ်ယူတာတို့က လုငယ်တွေအတွက် ပြောရဲ ဆိုရဲရှိလာဖို့အတွက် အထောက်အကုအများကြီး ဖြစ်စေပါတယ်'' လို့ ဝင်ရောက်ဆွေးနွေးခဲ့တဲ့ စာရေးဆရာသင်းရီက ပြောပါတယ်။

ဆုရစာအုပ်မှာ ပါဝင်ရေးသားသူ ဝတ္ထုတို ဆရာ ဆရာမတွေလည်း စာဖတ်ဝိုင်းကို ရောက်လာပါတယ်။

စာဖတ်ဝိုင်းကို စာရေးဆရာ/စာရေးဆရာမများ ဖြစ်ကြတဲ့ ဆရာမကြီး ဒေါ်ခင်ဆွေဦး၊ မိချမ်းဝေ၊ မသီတာ (စမ်းချောင်း)၊ ဖေမြင့်၊ မောင်ဝံသ တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

''အခုချိန်မှာ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိလာတော့ ကျွန်တော်တို့ သိချင်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း စာရေးဆရာတွေနဲ့ ဆွေးနွေးခွင့်ရတာ ကျွန်တော်တို့ အတွက် အများကြီး အကျိုး ရှိပါတယ်" လို့ စာဖတ်ဝိုင်းကို တက်ရောက်ခဲ့တဲ့ လူငယ်တစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။

ဒီလို စာဖတ်ဝိုင်းမျိုးကို နောက်ပိုင်းမှာလည်း အလျဉ်းသင့်သလို ပြုလုပ်သွားမယ်လို့ စီစဉ်သူ တစ်ဦးက ပြောပါတယ်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved