နိုင်ငံခြားရေးဌာနကို မိုးကျရွှေကိုယ်တွေ ၀င်စီးပြီ

Friday, September 14, 2012

-





သမ္မတဦးသိန်းစိန်က နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ညွှန်ချုပ်သစ်တွေ ခန့်အပ်ရာမှာ မိုးကျရွှေကိုယ်တွေ ပါဝင်နေကြောင်း ဒီကနေ့ သတင်းစာများမှာ တွေ့ရပါတယ်။

ဗိုလ်မှူးကြီးဝင်းလှိုင်၊ ဗိုလ်မှူးကြီး သူရိန်သန့်စင် တို့ကို ညွှန်ချုပ်များအဖြစ် ခန့်လိုက်တာပါ။

ဝန်ကြီးဌာန အဆင့်မြင့်ရာထူးကြီးတွေမှာ စစ်တပ်အရာရှိများကို ခန့်ထားတဲ့ ယဉ်ကျေးမှုက
နှစ်ပေါင်း ၅၀ ကြာခဲ့ပါပြီ။ "အရပ်သား"အစိုးရလက်ထက်မှာ ဒီယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းထားတာဟာ မြန်မာပြည်အတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒီလို ယဉ်ကျေးမှု ထိန်းသိမ်းရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားခြင်းတော့ မရှိပါဘူး။

ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း စစ်ဗိုလ်တွေက အရပ်ဘက်ဝန်ထမ်းတွေထက် ပိုပြီး ထူးချွန်လို့ သမ္မတကြီးဦးသိန်းစိန်က ရွေးချယ်ခန့်အပ်လိုက်တာ ဖြစ်နိုင်ပါတယ်။






-

5 comments :

  1. Anonymous said... :

    ဗိုလ်ချုပ်တွေနဲ့ စစ်ဝတ်လဲတွေချည်းဘဲ တိုင်းပြည်ရဲ့ ရာထူးဌာနန္တရတွေ၊ စည်းစိမ်ဥစ္စာ အညွန်အဖူးတွေကို ရယူခံစားလာခဲ့တာ ကြာတော့ သူတို့ကိုယ်တိုင်လဲ သူတို့ကိုယ်သူတို့ စစ်ရေပေါ်ဆီလူတန်းစားလို့ ထင်လာတော့တာပါ။
    ပ်ြည်သူတွေက ရွေးချယ်ခန့်အပ်စရာ မလိုဘူး၊စစ်ဗိုလ်ဖြစ်တာနဲ့ မိုးကျရွှေကိုယ် အမတ်ဖြစ်ခွင့်၊ အဓမ္မလယ်ယာမြေသိမ်းပိုင်ခွင့်၊ လူတွေကို ပေါ်တာဆွဲပြီး ရှေ့တန်းမှာ တိရစ္ဆာန်များပမာ ကြိုက်သလို ပြုမူပိုင်ခွင့်။ ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်တွေကို လူမသိ သူမသိ လက်သိပ်ထိုး သူခိုးဈေးနဲ့ ၀ယ်ယူခွင့်တွေရှိတယ်လို့ မှားယွင်းစွာ ထင်မြင်လာပါတော့တယ်။
    စစ်တပ်ထဲမှာ အရာရှိဖြစ်တာနဲ့ ကားအကောင်းစား၊ ယူနီဖောင်း အတောင့်စားနဲ့ ဆံပင်ကို လှအောင်ဖီးပြီး လမ်းသလားပြရတာ၊ အရပ်သားပြည်သူတွေကို အာဏာပြရတာကို အရသာတွေ့နေကြပါပြီ။
    သူများနိုင်ငံတွေမှာ စစ်သားတွေဟာ သဘာဝအန္တရာယ်ကြုံတွေ့လာတာနဲ့ ပြည်သူတွေကို အသက်စွန့်ပြီး ကယ်တင်လေ့ရရှိပေမဲ့ မြန်မာ့တပ်မတော်ကတော့ မိုးကျရွှေကိုယ်ပမာ ဒုက္ခသည်တွေအတွက်ပေးတဲ့သာက်ရေသန့်တွေနဲ့ ရေချိုးသည်အထိ သနားညှာတာစိတ်၊ လူသားဆန်တဲ့စိတ်တွေ ကင်းမဲ့လာပါပြီ။
    စစ်ဗိုလ်လစာရော၊ အရပ်သားလစာရော၊ ပင်စင်နှစ်မျိုးပါ ယူပြီး တိုင်းပြည်ကြီး ချောက်ထဲမကျအောင် တိုင်းပြည်ကို ချစ်ပြနေလိုက်ကြတာ ပြည်သူတွေ မျက်မုန်းကျိုးလို့ ဆွဲချပေမဲ့ ပေကပ်ပြီး ကုလားထိုင်ပေါ်က မဆင်းတမ်း စည်းစိမ်ယစ်မူးနေကြပါပြီ။
    သမတကြီးကိုလည်း အပြစ်သိပ်မပြောကြပါနဲ့။ သူလဲ ပြည်သူဘက်ကို ပြတ်ပြတ်သားသား မရပ်ရဲရှာသေးဘူးလေ။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုင်းဘုတ်ကြီးအောက်က ရုန်းထွက်လို့ မရသေးဘူးလေ။ နားလည်ပေးလိုက်ကြပါ။ နှစ်(၅၀) လုံးနားလည်ပေးလက်စနဲ့။

  1. Anonymous said... :

    အဲသလိုေ-ာက်တလွဲတွေလုပ်နေသ၍တော့ပြည်သူတွေပိုဆင်းရဲနေမှာပဲ
    they dont know international relation and diplomacy
    they dont even know how to speak english
    former embassador to US who got asylum over there
    that guy is not ex-military , he was long time servent of foreign ministery but he can't speak good enough
    he was the guy in charge at Washington DC
    so, you can assume or conclude your judgement how bad of this government and its members
    these people are so sick.

  1. Nua Nout said... :

    A lot of Myanmar Tatmadaw officers have already occupied in most of the posts in Ministry of Foreign Affairs, including the son-in-law of the President got a post there recently.
    Poor career diplomats of Myanmar are not easy to get a senior post like Directors, Directors-General or Myanmar Ambassador.
    As a matter of fact, an Ambassador post is a highest desire of Myanmar Foreign Service personnel.
    Pure civilian diplomat of Myanmar Foreign Service has very little chance to become an Ambassador.

  1. Anonymous said... :

    ဒါကြောင့်ပြောနေတာ။။ ကို သိန်းစိန်ကို သိပ်မယုံပါနဲလို့။ သူက ဘုန်းကြီး သံဃာတော်တွေကို သတ်တဲ့သူတွေမှာပါတဲ့ စစ် ဗိုလ်ချုပ် တစ်ယောက်နော်။ နားရှက်တယ်.. အခု သူ့ကို ထောက်ခံ ပွဲတောင် လုပ်နေကြတယ်ဆိုဲ့။ အော် မြန်မာတွေ မြန်မာတွေ နောက်ကြောင်းကို သိပ်မေ့တတ်ကြပါလားနော်။

  1. Anonymous said... :

    ကြောင်သူတော်ကြွက်သူခိုးစိတ်ဓါတ်ကမပြောက်
    သေးပါဘူး။ပြောင်းလဲသော်လည်းတကယ်အရေး
    ကြီးတဲ့ဝန်ကြီးဌာနတွေ၊ဦးစီးဌာနတွေမပြောင်းလဲ
    သေးပါဘူး။အထူးသဖြင့်နိုင်ငံခြားရေး၊သာသနာရေးဝန်ကြီးဌာနတွေဟာသူ့အပေါ်ကိုလွှမ်းမိုးထားဆဲဖြစ်ပါတယ်၊သူကိုယ်တိုင်ကလည်းစစ်သား
    စိတ်မပြောက်သေးပါဘူး၊ဌာနဆိုင်ရာတွေထဲက
    တစ်သီးစား၊နှစ်သီးစားတွေကိုမဟန့်တားနိုင်သေးဘူး၊ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံး
    ထောင် ပါရှင်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved