ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘုန်းကြီးကျောင်းအများအပြား မီးရှို့ခံရ

Sunday, September 30, 2012


~



 
 မီးလောင်အပြီး ဒီကနေ့ တွေ့ရတဲ့ ကျောင်းတကျောင်း (ဓာတ်ပုံ - Reuters)

ကိုရမ်ကျမ်းစာကို ထိခိုက်စော်ကားတယ်ဆိုတဲ့  Facebook ဓာတ်ပုံတပုံကြောင့် ဒေါသထွက်နေတဲ့   မူဆလင်တို့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရာမူးမြို့က  ဘုန်းကြီးကျောင်း နဲ့ အဆောက်အအုံ အများအပြားကို  မီးရှို့လိုက်ကြတယ်လို့ အရာရှိများက ဒီနေ့ ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ရေးထားပါတယ်။

အစောပိုင်းသတင်းတွေမှာ ဘုန်းကြီးကျောင်း လေးငါးကျောင်း မီးလောင်သွားတယ်လို့ ဖော်ပြထားကြပြီး အခု နောက်ဆုံးထွက်ပေါ်လာတဲ့ AFP သတင်းတပုဒ်မှာတော့ မီးလောင်သွားတဲ့ကျောင်း အနည်းဆုံး ၁၀ ကျောင်း ရှိတယ်လို့ ဆိုပါတယ်။

လူနေအိမ်လည်း အနည်းဆုံး ၂,၁၀၀ မီးရှို့ခံရပါတယ် တဲ့။

မနေ့ညနှောင်းပိုင်းက အစပြုခဲ့တဲ့ မငြိမ်မသက်မှုတွေကို  ဒီမနက်ပိုင်းမှာ ထိန်းချုပ်လိုက်နိုင်ပြီ ဆိုတဲ့  အာဏာပိုင်တို့ရဲ့ ပြောဆိုချက်ကို သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

မငြိမ်မသက်မှုပေါ်ပေါက်စေခဲ့တယ်ဆိုတဲ့ ဓာတ်ပုံကို Facebook မှာ တင်ခဲ့သူဟာ အသက် ၁၅ နှစ်အရွယ် အမျိုးသားတဦးဖြစ်တယ်၊ သူ့မိခင်ကို အာဏာပိုင်တို့က စစ်ဆေးနေတယ်၊
သူတို့ရဲ့ လုံခြုံရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိတယ် လို့ ဆိုပါတယ်။

ဖျက်ဆီးခံရတဲ့ ဘုန်းကြီးကျောင်း နဲ့ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးကကို အစိုးရက တာဝန်ယူမယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း bdnews24.com သတင်းတပုဒ်မှာ ရေးထားပါတယ်။










-


1 comments :

  1. ကိုယ်ဘာသာကို အပွန်းအပဲ မခံသလို သူတစ်ပါး ဘာသာကိုလည်း လုံးဝထိပါးပုတ်ခတ်ခြင်း မပြုသူသည်သာ ဘာသာဝင်ကောင်းတစ်ယောက်ဖြစ် တယ်ဆိုတာ လူတိုင်းနှလုံးသွင်းသင့်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved