ဒေါ်အောင်ဆန်းစုကြည်၊ ဟင်နရီကစ်ဆင်ဂျာနဲ့ ကမ္ဘာသား ဆုပေးပွဲ

Saturday, September 22, 2012







နယူးယောက်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ အတ္တလန်တိတ် ကောင်စီ ရဲ့ယခုနှစ် အတွက် ကမ္ဘာသား ဆု (Atlantic Council 2012 Global Citizen Award) ဆုပေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ယူ ခဲ့ပါတယ်။


ဆုလက်ခံရသူများဖြစ်ကြတဲ့ Quincy Jones၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီးဟောင်းလည်းဖြစ်၊ အမေရိကန် နိုင်ငံရေး မူဝါဒဆိုင်ရာ ဆရာကြီး တဆူဖြစ်တဲ့ Henry Kissinger တို့ကို အဲဒီဆုပေးပွဲမှာ အတူတွေ့ရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟင်နရီ ကစ်ဆင်ဂျာတို့ ၂ ဦးလုံးဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်
တွေ ဖြစ်ကြပါတယ်။ ဒီဆုပေးပွဲက မှတ်တမ်း ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။




                                          ဓာတ်ပုံများ-AFP/GettyImages

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved