ရွှေဝါရောင် နှစ်လည်နေ့ကို ပြည်မှာ ဘယ်လိုကျင်းပသလဲ

Friday, September 28, 2012

~ 


ကောင်းမြတ်မင်း ~



၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးသွားကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မနေ့က  ကျင်းပ ပြုလုပ်ပါတယ်။

 ပြည်မြို့က ရှေ့နေဦးမြင့်အေးရဲ့ နေအိမ်မှာ ပြုလုပ်ကြတာပါ။

"ကျနော်တို့နိုင်ငံမှာ လူထုအုံကြွမှု အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလို အုံကြွမှုတိုင်းမှာ ကျဆုံးလေ့ရှိတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကို အမြဲ ဂုဏ်ပြုလေ့ရှိပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးသွားသူတွေကိုလည်း အခုလို ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်" လို့ ရှေ့နေဦးမြင့်အေးက ဧရာဝတီကို ပြောပါတယ်။


 
 ရွှေဝါရောင်တော်လှန်ရေးအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ရှေ့နေဦးမြင့်အေး ၊ ကိုကျော်ဆွေနဲ့ HRDP အဖွဲ့ဝင် ကိုဇော်ထွန်းတို့က ဒီပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်သည်။

"ကျနော့်မိန်းမ ကျနော့်ကို ထောင်ဝင်စာလာတွေ့ဖို့ သူတန်ဖိုးထားတဲ့ ဆံပင်ကိုဖြတ်ရောင်းခဲ့ရတဲ့အထိ ကျနော်တို့ မိသားစုဘဝပျက်ခဲ့ရပါတယ်။ ကျနော်တို့ ဘယ်လိုပဲဖြစ်ခဲ့ ဖြစ်ခဲ့ပါ လက်ရှိအခြေအနေမှာ  အရင်က ထပ်စာရင် ပိုမို လွတ်လပ် ပွင့်လင်းလာတယ်။ အဲဒိအတွက် ကျနော်တို့ထက် ပိုပေးဆပ်ခဲ့ရတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ပြည်သူတွေကို မမေ့သင့်သလို နှစ်စဉ် ဂုဏ်ပြုပွဲတွေကို ကျင်းပပြီး ဂုဏ်ပြုသွားရမှာ ကျနော်တို့ရဲ့ မလုပ်မဖြစ်လုပ်ရမဲ့ တာဝန်ဖြစ်ပါတယ်" လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆွေက ပြောပါတယ်။

အခမ်းအနားစီစဉ်သူတွေက ဂရုဏာလက်များကွန်ရက်က  လမ်းဘေးကလေးသူငယ်များကို နေ့လည်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved