သမ္မတ ပူတင် ကောင်းကင်ပေါ် ပျံဝဲ

Friday, September 7, 2012

ရုရှားသမ္မတ ပူတင်နဲ့ လမ်းပျောက် ကြိုးကြာငှက်၊ ဓာတ်ပုံ - National Business Times

ရုရှား သမ္မတ ပူတင်ဟာ ကြိုးကြာငှက် ၆ ကောင်ကို ဦးဆောင်ပြီး စက်မဲ့လေယာဉ်နဲ့ ကောင်ကင်မှာ ပျံသန်းပြခဲ့ တဲ့သတင်း ယမန်နေ့က သတင်းများမှာ ဖော်ပြလာပါတယ်။



ဒီကြိုးကြာ ၆ ကောင်ဟာ ဆိုက်ဘေးရီးယားက ဖြစ်ပြီး လမ်းပျောက်နေလို့ သူက လမ်းပြ ခေါ်ဆောင်တာလို့ သတင်းတွေ က ဆိုပါတယ်။ ဒါကြောင့် ဆိုက်ဘေးရီးယားကို သူက ကောင်းကင်ကနေ စက်မဲ့လေယာဉ်နဲ့ လိုက်ပို့ပေးလိုက်တာပါတဲ့။


ရုရှားဟာ အာကာသကို ပထမဆုံး အောင်မြင်ခဲ့သလို ရုရှား သမ္မတကလည်း စက်မဲ့လေယာဉ်နဲ့ ကောင်းကင် ပျံသန်းပြတာ ဒါ ပထမဆုံးဖြစ်ပါလိမ့်မယ်။



သမ္မတ ပူတင်ဟာ ရုရှားနိုင်ငံမှာ ဒုတိယ အကြိမ် သမ္မတ ပြန်ဖြစ်လာသူပါ။ သူဟာ သမ္မတဖြစ်ပြီး ၀န်ကြီးချုပ် ဘ၀ ကို တာဝန်ထမ်းခဲ့ပါသေးတယ်။ နောက်တော့ ဖွဲ့စည်းပုံကို ပြင်ပြီး အခုလို ဒုတိယ အကြိမ် သမ္မတ ပြန်ဖြစ်လာ တာပါ။




1 comments :

  1. Anonymous said... :

    စက်မဲ့လေယာဉ်မဟုတ်ပါ။ နောက်တွင် ပန်ကာတပ်အင်ဂျင် ပါပါသည်။ para-glider ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved