ချက်သမ္မတ နိုင်ငံမှာ နှလုံး ခွဲစိတ်မှု အောင်မြင်လို့ ပြန်လာသူတွေ

Wednesday, September 26, 2012


ချက်သမ္မတ နိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှု ခံယူအောင်မြင်ခဲ့ပြီး ပြန်ရောက်လာသော ကလေး ၂ ဦးနှင့် လိုက်ပါပို့ဆောင်သူများ (ဓာတ်ပုံ – အောင်သက်ဝိုင်း / ဧရာဝတီ)

ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး မစ္စတာ ဗားကလဗ် ဟာဗဲလ် ကွယ်လွန်သွားခဲ့ပေမယ့် ချက်သမ္မတ နိုင်ငံရဲ့ နှလုံး သားထဲမှာ မြန်မာနိုင်ငံရှိနေဆဲဆိုတာ ထင်ရှားတဲ့ အဖြစ်အပျက် တခု က ဖော်ပြနေပါတယ်။ 

ချက်သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးတို့အတွက် အလွန် စိတ်အားထက်သန်စွာ တလျှောက်လုံး အားပေး ထောက်ခံ ကူညီနေတာပါ။ 

ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေး ၀န်ကြီး Mr. Karel Schwarzenberg က မြန်မာနိုင်ငံကို ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ လာရောက် ခဲ့စဉ်က နှလုံးရောဂါ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ် ၃ ဦးကို ချက်နိုင်ငံကို ခေါ်ယူခွဲစိတ်ကုသဖို့ အထူးလေယာဉ်နဲ့ စီစဉ် ခေါ်သွားခဲ့ပါတယ်။ 

 အခုဆို အဲဒီ ကလေးငယ် ၃ ဦးထဲက ၂ ဦးဟာ နှလုံးခွဲစိတ်ကုသမှု အောင်မြင်လို့ မြန်မာနိုင်ငံ ကို ပြန် လည် ရောက်လာကြပါပြီ။

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းက သတင်းထောက် ကြယ်ပြာနဲ့ အောင်သက်ဝိုင်း တို့ ရေးသား ထားတဲ့ “ချက်သမ္မတနိုင်ငံ အကူအညီဖြင့် မြန်မာကလေး ၂ ဦး နှလုံးခွဲစိတ်မှု အောင်မြင်” ဆိုတဲ့ သတင်းမှာ ဖော်ပြထား ပါ တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved