ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းလုပ်ငန်း တဝက်ကျော်ပြီးစီး

Wednesday, September 5, 2012


မြန်မာနိုင်ငံ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်မြို့အထိသွယ်တန်းမဲ့ ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုက် သွယ်တန်း မှုဓါတ်ပုံများ (မန္တလေးမြို့နှင့် နောင်ချိုမြို့ကြား)

ကောင်းမြတ်မင်း

မန္တလေးမြို့နှင့် နောင်ချိုမြို့အတွင်း ပိုက်လိုင်းများကို ပြန်လည်မြေမြှပ်ပြီးစီးသွားတဲ့ အခြေအနေကို မြင်တွေ့ခဲ့ ရပါတယ်။



ပိုက်လိုင်းလမ်းကြောင်း ၂ လိုင်းဖြစ်ပြီး ၁ လိုင်းမှာ ရွှေသဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ရန်နဲ့ တခြားတလိုင်း မှာ ရေနံသယ်ယူပို့ဆောင်ရန်ဖြစ်တယ်လို့သိရပြီး ပိုက်လိုင်းတလိုင်းနဲ့ တလိုင်းအကြား ပေ ၂၀ အကွာအဝေးခန့် မှာ တည်ရှိနေပါတယ်။




ရေနံတင်ပို့ဖို့ သွယ်တန်းထားတဲ့ပိုက်လိုင်းနဲ့ပတ်သတ်လို့ ဘယ်ဒေသက ထွက်မဲ့ရေနံကို တင်ပို့မယ်လို့ မသိရ သေးပေမဲ့ ပိုက်လိုင်းတခုက ရေနံတင်ပို့မှုအတွက် အဓိကထားတည်ဆောက်နေတာဖြစ်ကြောင်း ပိုက်လိုင်းစီမံကိန်းနဲ့ နီးစပ်သူတွေ ကပြောပါတယ်။



မြန်မာပြည်အနောက်ဘက် ရခိုင်ကမ်းလွန်ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းမှအဆင့် အထက်ပိုင်း အထိဖြတ်သန်းသွယ်တန်းမဲ့ ရွှေသဘာဝဓါတ်ငွေပိုက်လိုင်းအဖြစ်သာ မြန်မာပြည်သူအများသိရှိရပြီး အဲဒိပိုက် လိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုတော့ နှစ်နိုင်ငံလုံးကတာဝန်ရှိသူတွေအနေနဲ့ အသိပေးပြော
ကြား ခြင်းမရှိသေးပေမဲ့ လက်ရှိမန္တလေးနဲ့ နောင်ချိုးအကြား ပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများမှာ ၆၀ ရာခိုင်နှုန်း ကျော်လောက်ပြီးစီးနေပါပြီ။


ပိုက်လိုင်းသွယ်တန်းမှုနောက်ပိုင်း ပိုက်လိုင်းတလျောက် မီးရထားလမ်းတည်ဆောက်မဲ့ လုပ်ငန်းတွေလည်း ရှိသေးကြောင်း နီးစပ်သူတွေကဆိုပါတယ်။



ရွှေသဘာဝဓါတ်ငွေပိုက်လိုင်းနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကိုတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေ အသိပေးပြောဆိုတာမရှိသလို မည်သည့်ဝန်ကြီးဌာနလက်အောက်ကနေ လုပ်ဆောင်နေတယ်ဆိုတာကို လည်း မြန်မာအစိုးရဘက်က တရားဝင်ထုတ်ဖေါ်ပြောဆိုတာလည်းမရှိပါ။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved