ငြိမ်းချမ်းရေးတောင်းဆိုမှာကို အစိုးရကြောက်နေသလား

Friday, September 21, 2012

 အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင် က နေပြည်တော်ကို မတက်ကြဖို့ သတိပေးနေတာပါ၊ ဓာတ်ပုံ- ကျော်ခ/ ဧရာဝတီ

"ကျော်ခ"

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်ရေးနေ့မှာ ရန်ကုန်မှာရှိတဲ့ လူမှုကွန်ရက် အဖွဲ့အစည်းတွေ က ပြည်တွင်းစစ်ရပ်စဲဖို့ အတွက် ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ နေပြည်နော်နဲ့ ရန်ကုန်မှာ လုပ်ဖို့ ခွင့်တောင်းတာကို နေပြည်တော်နဲ့ ရန်ကုန်က အာဏာပိုင်တွေက ခွင့်မပြုပါဘူး။ 

ငြိမ်းချမ်းရေးအတွက်တောင်းဆိုတာကို ခွင့်မပြုချင်တာဘာကြောင့်လည်းဆိုတာတော့ မပြောတတ်ပေမယ့်၊ မန္တလေးမှာ အရှင်ဝီရသူတို့ လုပ်တဲ့ “သမ္မတကိုထောက်ခံ ဆန္ဒပြပွဲ”ကိုတော့ ကြည်ကြည်ဖြူဖြူခွင့်ပြုထား တာကိုတော့တွေ့ရပါတယ်။

 ချီတက်လာသူတွေကို ပြည်သူ့ရင်ပြင်မရောက်ခင် ပြည်လမ်းမကြီးကို ခုလိုပိတ်လိုက်ပါတော့တယ်

ဆန္ဒဖော်ထုတ်ရေး ခွင့်ပြုချက်တွေ မရပေမယ့် ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တွေထဲက ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဒီကနေ့ မနက် နေပြည်တော်ကိုတက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့မနက် ၃ နာရီလောက် ကတည်းက နေပြည်တော်ကို ထွက်ဖို့ မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာရှေ့မှာ အိတ်စပတ်ကားကြီး ၃ စီးငှား ထားပါတယ်။ 


ပိတ်ထားတဲ့ကြားက အလျှိုလျှို ဖောက်ထွက်တဲ့လူတွေက ပြည်သူ့ရင်ပြင်ကို ရောက်အောင်သွားပြီး မြန်မာပြည် ငြိမ်းချမ်းစေ 
ရေး ဆုတောင်းကြတယ် 

ရဲတွေရောက်လာတဲ့ အချိန်မှာတော့ အဲဒီကားတွေကို နံပတ်တွေ လိုက်မှတ် ယာဉ်မောင်းနာမည် ကိုမေးပြီးတော့ အကုန်ပြန်ခိုင်း လိုက်တယ်။ ဆန္ဒဖော်ထုတ်မယ့်အဖွဲ့တွေမှာ ကားမရှိတော့ ထပ်ငှား တယ်၊ နောက်ကားတွေကလည်း မလိုက်ရဲတော့ ရန်ကုန်မှာပဲ လမ်းလျှောက်ကြဖို့ သူတို့ဆုံးဖြတ်တယ်။

 သူတို့ကလည်း ထပ်ကြပ်မကွာလိုက်လာတယ်

ပြီးတော့ အပြီးအပိုင်ဖိအားပေး မောင်းထုတ်လိုက်တယ် ဒီခရီးတွေကိုလည်း ရဲတွေက အဆင့်ဆင့် အထပ်ထပ်ပိတ်ပြီး လူစုခွဲပြီးအိမ်ပြန်ကြဖို့ အထပ်ထပ်အခါခါ သတိပေးပါတယ်။ 

ဒီကြားထဲကပဲ ဆန္ဒဖော်ထုတ်လိုသူတွေက ပြည်သူ့ရင်ပြင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရောက်အောင်သွားပြီး စုဝေးကြပြန်တယ်။ ငြိမ်းချမ်းရေးသီချင်းတွေနဲ့ ဆိုပြီးဆုတောင်းကြတယ်။ 

  ပြည်သူ့ရင်ပြင်ကို တက်လာတဲ့ လူအုပ်ကြီးကို ရဲတွေကလမ်းပိတ်လိုက်တဲ့မြင်ကွင်းပါ

ရဲတွေကလည်း ထပ်ကြပ်မကွာလိုက်လာပြီး လူစုခွဲဖို့မောင်းထုတ်ပြန်တယ်၊ လူတွေ အကုန်ပြန်ခိုင်းပြီး ပြည် သူ့ ရင်ပြင် အဝင်အထွက် တံခါးကို လုံးဝပိတ်လိုက်တော့တယ်။ 

 ပိတ်လိုက်တော့ ဘယ်မှသွားလို့မရတော့ ငုတ်တုတ်ပေါ့ 


အစိုးရက ငြိမ်းချမ်းရေးရရှိရေး လုပ်ဆောင်နေတယ် ဆိုပေမယ့် ဒီကနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး
နေ့ လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် တကယ် ငြိမ်းချမ်းရေး လိုလားသလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ 

  ရှေ့ဆက်ခွင့်မပေးတော့ဘဲခုလိုပိတ်လိုက်တယ်




5 comments :

  1. Anonymous said... :

    ဒေါ်စု၊
    အမေရိကန်သွား
    .......
    အဖွားကြီး 67နှစ်ရှိပြီ
    တိုင်းပြည်အတွက် ဟိုလူ့မျက်ချိုသွေးရ
    ဟိုလူ့ပြုံးပြရ
    ဟိုဟာတောင်းဆိုပေးရ
    ဟိုပိတ်ဆို့မှု၊ ဒီတားဆီးမှု ဖျက်ဖို့ တောင်းဆိုပေးရ
    အသက်လည်းကြီးပါပြီ
    သူမပြောတယ်
    တိုင်းပြည်အတွက်ဆို အသုံးချခံအဖြစ်လည်း
    သူ့ဘ၀ကို ပေးဆပ်ပါတယ်တဲ့
    ကောင်းစားကြမှာ ဘယ်သူတွေများပါလိမ့်
    အကယ်လို့များ
    ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားခဲ့ရင်း
    ဗမာပြည်ကြီး အားလုံးအဆင်ပြေသွားရင်
    အခုရော
    ဗမာပြည်ကြီးကို ပိတ်ဆို့တားစည်းနေတာ ဘယ်သူတွေတုန်း
    အရင်က ပိတ်ဆို့တားစည်းခဲ့တာတွေကရော
    ဘယ်သူတွေတုန်း
    ဦးနေ၀င်းလား
    ဦးသန်းရွှေလား
    ဦးသိန်းစိန်လား
    အမေရိကန်နဲ့ အနောက်အုပ်စုတွေလား
    စဉ်းစားကြည့်ရင် အဖြေပေါ်ပါတယ်။

  1. Jatawng Naw said... :

    Who is doing the attacking war??? Do you love offensive war against Kachin & Shan who belong to federal union of Myanmar (ပြည်ထောင်စု ကိုဖြို ခွဲသော ထိုးစစ်)????.. Think about who is doing offensive war and who is defending.. Kachin Land, Shan land belongs to Kachins& Shans from very ancient time since before King Anawratha ruling period to untill Great Britain Colonial years, there is not even told a story about Burma in Kachin Land to colonial days..Kachins and Shans leaders had its own rules and govern to each districts. So think about who are doing unfair and injustice attacking war to whom..???
    Lets try to STOP Civil WAR, offensive war crimes against women, children and civilian of federal Union of Burma(Myanmar).

  1. ကြောက်တာပေါ့။KIA နဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့ ခွဲထွက်ခွင့်ပေရမှာလေ။အဲသလိုပေးလိုက်ရင် တခြားအဖွဲ့တွေကလည်းသောင်းကျန်းမှာပေါ့။ပြည်တွင်းစစ်ပြန်ဖြစ်မယ်။တပ်ကပြန်သိမ်းသွားလိမ့်မယ်။ဒေါ်စုတောင် မသိမသာလက်ရှောင်နေတာ သတိမထားမိကြဘူးလား။ တကယ်ဆိုရင် ဒီကိစ္စတွေကို ဒေါ်စုကိုပဲရှင်းခိုင်းသင့်တာ။ဗိုလ်ချုပ် လုပ်ခဲ့တဲ့ကိစ္စတွေလေ။လွပ်လပ်ရေးယူတော့ တောင်တန်းနဲ့ပြည်မ ပေါင်းယူခဲ့တဲ့အကျိုးဆက်တွေပေါ့။အဲဒါကြောင့်ပဲ ပြည်တွင်းစစ်ဖြစ် တိုင်းပြည်မတိုးတက် တပ်ကခဏခဏသိမ်း။အဖေ လုပ်ခဲ့တဲ့ကိစ္စဆိုတော့ သမီးကိုပဲရှင်းခိုင်းလိုက်တော့။

  1. Anonymous said... :


    Federalism ဆိုတာ ပြည်ထောင်စုကြီးကို ဖဲ့ပြီး ခွဲထွတ်အုပ်ချုပ်တဲ့မူမဟုတ်ဘူး။ တိုင်းပြည်ကို သစ္စာဖောက်ပြီး နိုင်ငံထူထောင်တဲ့ မူဝါဒမဟုတ်ဘူးကွ။
    ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား အာဏာကန့်သတ်ခွဲဝေပေးထားတဲ့ ကိုပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ စနစ်တခုသာဖြစ်တယ်။ဒီမိုကရေစီနိုင်ငံတိုင်း ဒီစနစ်ကိုအသုံးချတယ်။လေ့လာကြည့်ပါ။
    ဘယ်သူမှစစ်မတိုက်ချင်ဘူး မင်းတို့ထက်တောင်ပိုပြီးအေးအေးနေချင်သေးတယ်။ ဒီလူမျိုးတွေအပေါ်မှာ ကတိအမျိုးမျိုးပေးပြီး ကတိအမြဲချိုးဖောက်ခဲ့တာ ဘယ်သူလဲ? ပြည်မကြီးနဲ့ တိုင်းရင်းသားတွေကြားက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လျစ်လျူရှုခဲ့တာ ဂျောင်ထိုးထားခဲ့ တာဘယ်သူလဲဆိုတာပဲ ကို့ကိုကိုပြန်မေးကြည့်ကျပါ။ ဒီလိုအစိုးရကို ဒီမိုကရေစီပြောင်းလဲပါပြီဆိုတိုင်း သေနတ်လေးအပ် ခင်များတို့သဘောလုပ်ချင်တာလုပ်ကျပါတော့ဆိုပြီး လွယ်လွယ်ခွင့်ပြုပေးလိုက်ရမှာလာ။ ဒီမိုကရေစီ ပြောင်းလဲပြီဆိုပြီး လွှတ်တော်ထဲမှာ စစ်ဝတ်စစ်စားနဲ့ စစ်သားကြီးများကလဲ အခန့်သားထိုင်လို့ စစ်သားနဲ့လွှတ်တော်ဘာမှကိုမဆိုင်တာ။ ရွေးကောက်ထားတဲ့ အမတ်ဆိုသူတွေကလဲ ပြည်သူတွေ သိပ်ကြိုက် သိပ်အားကိုးနေလို့ မဲပေးပြီး လွှတ်တော်ထဲ ထည့်ထားတာလားဆိုတာလဲ ပြန်မေးကြည့်ကျအုံး။ လွတ်လပ်ရေးရအောင် အသေခံပြီး ကြိုးပမ်းပေးခဲ့တဲ့ ဗိုလ်ချုပ်ကိုတောင် အပြစ်ပြောလိုက်သေးတယ် အံသြလို့မဆုံးဘူး မင်းတို့စိတ်ဓာတ်တွေ....

  1. Anonymous said... :

    တပ်က အာဏာသိမ်းတာက ၁၉၅၈-ခုနှစ်မှာ ဦးနုကို ဗိုလ်အောင်ကြီးတို့က ဗိုလ်နေ၀င်းအမိန့်အရ အာဏာအပ်ခိုင်းတယ်လေ။မအပ်ရင် စစ်အာဏာသိမ်းမှာမို့ အာဏာငန်းဖမ်းနေတဲ့ ဗိုလ်နေ၀င်းကို အိမ်စောင့်အစိုးရရဲ့ ၀န်ကြီးချုပ်အာဏာအပ်လိုက်တာ ၂-နှစ်ကြာသွားတယ်။
    အရသာကို သိသွားတဲ့ ဗိုလ်နေ၀င်းက ၆၂-ခုနှစ်ကျတော့ အာဏာကို အပြီးပြန်သိမ်းပြီး အုပ်ချုပ်တာ ၂၆-နှစ်ကြာသွားတယ်။ တိုင်းပြည်မွဲတယ်။ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး အကုန်ပျက်ပြီး ကူလီတိုင်းပြည်ဘ၀ ရောက်သွားတယ်။
    ၈၈-ရောက်တော့ ဦးနေ၀င်းလက်ကနေ န၀တ၊ နအဖအမည်ခံပြီး တခါ လူထုဆူပူတယ်ဆိုပြီး သိမ်းပြန်တယ်။ြ၊ပည်နယ်တစ်ခု၊ လူမျိုးတစ်စု ဆူတာ၊ ပြည်နယ်တောင်းတာ မဟုတ်ဘူးနော်။
    အာဏာသိမ်းနှစ်ကြိမ်လုံးကို ကြည့်ရင် ပြည်နယ်ကိစ္စ၊ တိုင်းရင်းသားကိစ္စနဲ့ ဘာမှ မဆိုင်၊ စစ်ဗိုလ်ချုပ်များ အာဏာကို ငန်းငန်းတက်လိုချင်ပြီး စစ်တပ်ကြိုးကိုင် အာဏာရှင်စနစ်ကို မက်မော တွယ်တာလို့ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါသည်။
    ယနေ့ခေတ်မှာ ဘယ်တိုင်းရင်းသားမှ ခွဲထွက်ကြောင်း မပြောပါ။ အဲဒီလေသံကို ပစ်တာက စစ်ဗိုလ်များ အာဏာသိမ်းခါနီး ထွက်လာတဲ့ ရှေ့ပြေးစကားတွေသာ ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved