ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်သစ်တွေ ဘယ်သူ ဖြစ်လာမလဲ

Wednesday, September 26, 2012


လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်သစ်တွေကို လာမယ့် လမှာ ရွေးချယ်သွားမှာဖြစ် တယ်လို့ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ပါတီ အထွေထွေအတွင်းရေးမှူးက ပြောလိုက်ပါတယ်။ 

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာလူထုကြား လူကြိုက်အများဆုံးဖြစ်နေမှုကြောင့် လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အကြို ပြင်ဆင်ဖို့အတွက် ဖိအားတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ AFP သတင်း တပုဒ်မှာ ဆိုပါတယ်။ 

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လာမယ့် လ ကျင်းပမယ့် ညီလာခံမှာ ပါတီကို ခေါင်းဆောင် ပိုင်း လစ်လပ်နေတာဖြည့်ဖို့ မျှော်လင့်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ဧပြီ လ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရလိုက်တာကြောင့် ပါတီကို ပြန်လည် သုံးသပ်လာရတာ ပါ။ 

“အဓိက ကိစ္စကတော့ ကျနော်တို့ပါတီကို ပိုပြီးခိုင်မာတောင့်တင်းအောင် စည်းရုံးမှုရှိဖို့ လုပ်တာပါ” လို့ ကြံ့ခိုင်ရေး ပါတီ အ ထွေထွေအတွင်းရေးမှူးလည်းဖြစ် လက်ရှိ လွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဦးဌေးဦးက AFP ကို ပြောလိုက်ပါတယ်။ 

ပါတီရဲ့ လစ်လပ်ခေါင်းဆောင်ပိုင်းတွေနဲ့ ခေါင်းဆောင်သစ်တွေ ရွေးချယ်တင်မြှောက်ဖို့အတွက် လာ မယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပါတီညီလာခံကို ကျင်းပမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြော ထားပါတယ်။


 ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ယခင် ပါတီ ဥက္ကဌကနေ သမ္မတ ဖြစ်သွားလို့ ဥက္ကဌနေရာ လစ်လပ်နေတာကြောင့် ညီလာခံက နေပြီး ပါတီ ဥက္ကဌ အသစ် တဦးရွေးချယ်ပေးနိုင်မယ်လို့ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းပြည်မှာ ဆယ်စုနှစ်တွေနဲ့ ချီပြီး စစ်အုပ်ချုပ်ရေး တွေကို အဆုံး သတ်ပြီး ပြုပြင်ပြောင်းလဲ 
ရေးတွေ ဆက်တိုက်လုပ်လာတာလည်းဖြစ်ပါတယ်။ 

 ဝေဖန် သုံးသပ်သူတွေအဆိုအရ သမ္မတ ဦးသိန်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းတို့ ကြားမှာ အာဏာဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဦးရွှေမန်းဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ သမ္မတဖြစ်လာ နိုင်တယ်ဆိုတဲ့ ကျယ် ကျယ်ပြန့်ပြန်စဉ်းစား ထင်မြင်ချက်တွေလည်း ပေါ်ထွက်နေတာပါ။ 

တကယ်တော့ သူတို့ ၂ ဦးလုံးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဘဲ ဖြစ်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာက တည်းက လူတွေပါဘဲ။ 

ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အခု ရောက်နေပြီး တိုင်း ပြည်ရဲ့ အနာဂါတ်အတွက် ဘယ်လို အစီအစဉ်တွေကို ချမှတ်အကောင် အထည်ဖော်လာနိုင်မလဲ ဆိုပြီး မျှော်လင့်နေကြတာပါ။ 

တကယ်တော့ သမ္မတနဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ မပါတဲ့ အငြင်းပွား ဖွယ်တွေပြည့်နေတဲ့၂၀၁၀ အထွေထွေရွေးကောက်ပွဲကို စစ်ယူနီဖောင်းတွေ ချွတ်ပြီး ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရသူတွေပါ။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ မဲဆန္ဒနယ် ၄၄ ခုမှာ ယှဉ်ပြီးပြီး ၄၃ နေရာ အနိုင်ရလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း လွှတ်တော်အမတ်ဖြစ်လာ ပြီး အခုဆို လွှတ်တော်တက်ရောက်နေပါပြီ။

9 comments :

  1. Anonymous said... :

    ပြည်သူတွေ လက်မခံရင် သိကြားမင်းဆင်းပြီး ကြံ့ဖွတ်ပါတီထဲဝင် ခြင်္သေ့ကြီးစီးပြီး ပြိုင်သော်လည်း နိုင်မည်မထင်။
    စစ်တပ်နဲ့ ပတ်သက်တဲ့ ပါတီဆို မုန်းနေတာ သန့်ရှင်း တည်မြဲပြိုင်ကထဲကပါ။ဒါတွေနဲ့ ပါတီခေါင်းဆောင်တွေလဲ သိမှာပါ။ သိလျက်နဲ့ ဇွတ်တိုးရင် ကိုယ်ကျိုးနည်းမယ်။ အရှက်ကွဲမယ်ဗျာ။ အသက်တွေလဲ ကြီးကုန်ပါပြီ။ ကောင်းတာလေးတွေ လုပ်ပြီး ဘ၀နိဂုံးကို အေးချမ်းစွာ အဆုံးသတ်ကြစေချင်တယ်။

  1. Nua Nout said... :

    Union Solidarity and Development Party should merge with the National League for Democracy. This combined “Party” should choose Myanmar people’s leader Daw Aung San Suu Kyi as their leader and do the best for Myanmar.

  1. Anonymous said... :

    ကြံ့ခိုင်ရေးပါတီက ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ပါတီမဟုတ်ဘူးလို့မြင်တယ်။ သူရဲ့လုပ်ဆောင်ချက်တိုင်းက အသင်းရပ်တည်ကတည်းကရင်း ယခုပါတီပြောင်းတဲ့ချိန်ထိ အများအကျိုးပြုလုပ်တယ်။ တစ်ချိန်ကတပ်မတော်ကဗိုလ်ချုပ်တွေဆိုပေမဲ့ လက်ရှိ ကအငြိမ်းစားတွေလေ။ စစ်တပ်ရဲ့လောင်းရိပ်အောက်ဆိုတဲ့ စကားကတော့ လူတွေထင်မြင်နေကြတာပါ။ အပြောင်းလဲဆိုတာကတော့ လုပ်ရမှာပဲလေ။ အခုလည်းပါတီကထိပ်တန်းခေါင်းဆောင်တွေ ပြန်လည်ရွေးချယ်တယ်ဆိုတာ ပါတီကြီးကိုသန့်စင်တာပဲ။ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပဲလေ။ ပြည်သူလူထုအနေနဲ့ သေချာရွေးချယ်ပေးပြီးတော့ လုပ်ဆောင်ချက်တိုင်းကို စောင့်ကြည့်ရမှာ ပြည်သူတာဝန်ပဲလေ။ အလုပ်နဲ့သက်သေပြမှ ယုံကြပေါ့။ ဒီတိုင်းအားတိုင်းယားတိုင်းသာ လိုက်ပြီးဝေဖန်နေရင် ကိုယ့်ဂုဏ်သိက္ခာကို ဖော်ပြနေတာနဲ့တူနေတယ်။ ဝေဖန်တာထက် လိုက်စော်ကားနေတာကများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ဆောင်ချက်။ ပြောင်းလဲချက်ကိုတော့ စောင့်ကြည့်သွားရမှာပဲလေ။

  1. ၂၀၁၀တုန်းက ကြံ့ခိုင်ရေး တွေပဲနိုင်လိုက်လို့ ပွဲကကြည့်မကောင်းခဲ့သလို ၂၀၁၅ မှာNLD တွေချည်းပဲနိုင်မယ်ဆိုရင်လည်း ကြည့်ကောင်းမှာမဟုတ်ပါဘူး။အတိုက်အခံ ကောင်းမရှိရင်ဒီမိုကရေစီ မဆန်နိုင်ဘူးလေ။လွှတ်တော်ထဲမှာ အမတ်အရေအတွက်မျှမျှတတဖြစ်အောင်လုပ်ကြပါလို့ပြည်သူလူထုကိုတိုက်တွန်းချင်ပါတယ်။၂၀၁၀တုန်းက ကြံ့ခိုင်ရေးကိုမဲမပေးခဲ့ပေမဲ့ ၂၀၁၅ကြရင်တော့ မဲပေးရတော့မယ်ထင်တယ်


  1. အာဏချိန်ခွင်လျှာညီဖို့ကအရေးကြီးတယ်။ လွှတ်တော်ထဲ NLD တဦးထဲရပ်တည်လို့လဲ မဖြစ်သလို။ ကြံခိုင်ရေးတွေ အများကြီးရှိနေတာလဲ လုံးဝမကောင်းပါ။ စစ်ဝတ်ကို အပြီးတိုင်ချွတ်လိုက်ရပြီဆိုတော့ စစ်အာဏာကို ပြန်ပြီးလွမ်းမောမနေသင့်တော့ပါ။ ပြည်သူထဲက ပြည်သူ့ကိုစားပြု အမတ်များအဖြစ် အာဏာရှင်စိတ်များလျှော့ချသွားလို့ အမှန်တကယ်တိုင်းပြည်အကျိုးပြုလိုသော စိတ်များကို ယခုကတဲ့က မွေးမြူထားသင့်ပါပြီ။ ကြံ့ခိုင်ရေးများကိုလည်း ပြည်သူများက တူသောအကျိုးပြန်ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်အမတ်တွေဆိုပြီး အောက်ခြေလွှတ်တာမျိုးများမဖြစ်သင့်တော့ပါဘူး။ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် အာဏာအနဲငယ်ရလာလျှင် အောက်ခြေလွတ်လို့ တသက်လုံးဖတ်သွယ်လာခဲ့တဲ့ ယုံကြည်ချက်များ လမ်းဘေးကိုရောက် အကျင့်ပျက်ခေါင်းဆောင်များသာ ဖြစ်သွားကျကာ တိုင်းပြည်ကို အမျိုးမျိုးရောင်းစားခဲ့ကျတာကြောင့် တိုင်းပြည်မတိုးတက်နိုင်သေးတာကိုလဲ သတိမူမိစေချင်ပါတယ်။ လက်ရှိအနေအထားအရတော့ ကြံ့ဖွင့်ကို မဲမထည့်လိုသေးပါ။

  1. Anonymous said... :

    ကြံ့ဖွံ့ကို စောင့်ကြည့်လာခဲ့တာ လမ်းလဲ ပြီးအောင် မခင်း၊ ဒီမိုကရေစီသမားတွေကို ချောင်းရိုက်၊ ဒီပဲရင်းမှာ နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်။ လမ်းခင်းတော့လဲ ပြည်သူတွေဆီက ငွေတွေ အဓမ္မကောက်ခံ၊ တစ်ဝက်လောက်အကုန်ခံပြီး ကျန်တာကို အိတ်ထဲထည့်၊ ပြီးတော့ ခြင်္သေ့ရုပ်ကြီးနဲ့ သူတို့က လမ်းခင်းသတဲ့။
    ပြောရရင် မဆုံးပါဘူးဗျာ။ ပြည်သူတွေက ဒဏ်ခတ်ဘို့စောင့်နေတာပါ။
    အဲ ဒီတစ်ခါတော့ သိက္ခာရှိရှိ အရှုံးကို လက်ခံစေချင်ပါတယ်။ မညစ်ကြပါနဲ့။ တိုင်းပြည်လဲ နာလှပါပြီ။

  1. Anonymous said... :

    ကျနော်တို့ ရွာနားမှာ ကြားဖြတ်ရွေးကောက်ပွဲမလုပ်မီ တစ်ပတ်အလိုလောက် ကျနော်အသက် ၄၅-နှစ်ထိ တစ်ခါမှ မမြင်ဘူးတဲ့ မြေကော်တဲ့ ယာဉ်ကြီးတစ်စီး ကြံ့ဖွံ့ပါတီက လူတွေနဲ့ ရောက်ချလာသဗျ။
    ကျေးရွာချင်းဆက်လမ်းကို ပြင်မယ်ပေါ့လေ။ မြေတွေကိုသယ်ပြီး ဖို့ထားသဗျ။အဲ သူုတို့နိုင်ရင် ကျောက်လမ်းခင်းမတဲ့။
    ကျေးရွာသားတွေကလဲ စစ်တပ်ကျောထောက်နောက်ခံ မဆလပါတီ ထုထောင်းထားလို့ ဖွတ်ဖွတ်ကျေနေပြီ။
    သူတို့လမ်းခင်းချင် ခင်း၊ မခင်းချင်နေ၊ မဲကို လုံးဝမပေးဘူး။ ခွက်ခွက်လန်အောင် ရှုံးသွားတယ်။တခါထဲ လမ်းခင်း မြေကော်စက်ကြီး ပြန်သိမ်းသွားတယ်။
    အဲဒါ ကြံ့ခိုင်ရေးရဲ့ပြည်သူအပေါ်ထားတဲ့ သဘောထားအစစ်အမှန်ပါဘဲ။
    အဲ ဒါပေမဲ့ ကျေးဇူးတော့ တင်တယ်။ဘုန်းကြီးကျောင်းကို လှူထားခဲ့တဲ့ နေရောင်ခြည်သုံးမီးအ်မ်လေးကိုတော့ မဲရှုံးပေမဲ့ ပြန်မတောင်းဘူး။ အပြီး လှူခဲ့ပါတယ်။

  1. Anonymous said... :

    ===================================
    Anonymous said...

    ကြံ့ခိုင်ရေးပါတီက ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ပါတီမဟုတ်ဘူးလို့မြင်တယ်။ သူရဲ့လုပ်ဆောင်ချက်တိုင်းက အသင်းရပ်တည်ကတည်းကရင်း ယခုပါတီပြောင်းတဲ့ချိန်ထိ အများအကျိုးပြုလုပ်တယ်။ တစ်ချိန်ကတပ်မတော်ကဗိုလ်ချုပ်တွေဆိုပေမဲ့ လက်ရှိ ကအငြိမ်းစားတွေလေ။ စစ်တပ်ရဲ့လောင်းရိပ်အောက်ဆိုတဲ့ စကားကတော့ လူတွေထင်မြင်နေကြတာပါ။ အပြောင်းလဲဆိုတာကတော့ လုပ်ရမှာပဲလေ။ အခုလည်းပါတီကထိပ်တန်းခေါင်းဆောင်တွေ ပြန်လည်ရွေးချယ်တယ်ဆိုတာ ပါတီကြီးကိုသန့်စင်တာပဲ။ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပဲလေ။ ပြည်သူလူထုအနေနဲ့ သေချာရွေးချယ်ပေးပြီးတော့ လုပ်ဆောင်ချက်တိုင်းကို စောင့်ကြည့်ရမှာ ပြည်သူတာဝန်ပဲလေ။ အလုပ်နဲ့သက်သေပြမှ ယုံကြပေါ့။ ဒီတိုင်းအားတိုင်းယားတိုင်းသာ လိုက်ပြီးဝေဖန်နေရင် ကိုယ့်ဂုဏ်သိက္ခာကို ဖော်ပြနေတာနဲ့တူနေတယ်။ ဝေဖန်တာထက် လိုက်စော်ကားနေတာကများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ဆောင်ချက်။ ပြောင်းလဲချက်ကိုတော့ စောင့်ကြည့်သွားရမှာပဲလေ။

    September 26, 2012 10:53 AM
    ===================================

    To the person who said that...

    Either you are really out of your mind or you are just one of the sycophants of the military generals to claim that USDA-cum-USDP is working for the good of the country.

    Are you really blind to the events such as Depayin ambush-cum-massacre or fraudulently-engineered election process? Did you not know that whenever there's a natural disaster in Burma, USDA will either harass and block the assistance or take credits for whatever help other people have provided? Do you seriously think that millions of so-called members of USDA joined the party willingly?
    Ever since the USDA was founded, the thugs from the party have behaved as if they are above the law much like the socialist party of Ne Win era.

    It is really amazing to see how some people stoop to such low to get the favour by ignoring the solid and hard truths about the party.

    There is nothing more to be ashamed of than obsequiously aping propaganda of the military thugs.

  1. Myanmar said... :

    2015 ကတော့ တရုပ်ပြက္ခဒိန်လို ပြောရရင် ဒေါင်းနှစ်
    ဖြစ်မှာပါ။ ဒါပေမဲ့ မတ်စေ့ကတော့ ပါနေအုံးမှာပါ။
    ကာင်းတာလေးတွေ လုပ်ပြီး ဘ၀နိဂုံးကို အေးချမ်းစွာ
    အဆုံးသတ်ကြစေချင်တယ်တဲ့။ ဟုတ်ပါတယ်ဗျာ။ အသင်းအဖွဲ့တုံးကကြတော့ ၀န်ထမ်းတိုင်း ပါတီ၊နိုင်ငံရေး ကင်းရှင်းရမည်တဲ့။ ခေတ်ပြောင်းချင်
    တော့ ပါတီအဖြစ် ပြောင်းတယ်။ ဘယ်ပြည်သူက
    ကောင်းကောင်း ချစ်ပါတော့မလဲ။ ပြည်သူတစ်ယောက်
    အနေနဲ့ ချစ်ချင်ပါတယ်ဗျာ။ မဲတော့မထည့်သေးဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved