ဇာဂနာ ဘာကြောင့် ဆဲဆိုခဲ့သနည်း

Saturday, September 1, 2012

`





ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)


တနေ့က ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ပရောက် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါက်တာ
နိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့ ၃ ဦးကို ရန်ကုန် လေဆိပ်ကို သွားရောက်ကြိုဆိုရင်း လူရွှင်တော် ဦးဇာဂနာက သတင်းထောက်များကို ဆဲလိုက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ အတော်ပွဲဆူသွားပါတယ်။

ကမ္ဘာကပါ သိတဲ့ မြန်မာလူရွှင်တော် တယောက်အနေနဲ့ ဒီလို သတင်းထောက်တွေကို ဆဲဆိုတာမျိုး မဖြစ်သင့် ဘူးလို့ ဝေဖန်မှုတွေက ကျယ်လောင်ပါတယ်။ ဆဲဆိုသံပါတဲ့ ရုပ်သံ ပြကွက်ကလည်း အင်တာနက်မှာ ပျံ့နှံနေ တာပါ။

ဓာတ်ပုံ- ဒေါက်တာ လွမ်းဆွေဖေ့စ်ဘုတ်

ဒါပေမယ့် အခု ဒီကိစ္စကို ဒေါက်တာလွမ်းဆွေနဲ့ ချက်တင်မှာ ပြောလိုက်တာကတော့ သူဆဲတာ တွန်းချတဲ့သူကို ပါတဲ့ ။ ကံကောင်းလို့ တွန်းချသူကြောင့် နဖူးမကွဲတာပါတဲ့။ ကြားထဲက ကျန်တဲ့သူတွေက ဖွလိုက်တာလို့ ဆိုပါ တယ်။ ဖြစ်စဉ် အမှန်ကို ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ။





`

5 comments :

  1. Anonymous said... :

    it may be an accident.I think possible.

    no one is not easy to use rude words normally.

  1. Anonymous said... :

    ဖြစ်နိုင်တယ် သူ့ရုပ်က ဆဲမယ့်ရုပ်ပေါ်နေတယ်
    ဘယ်လိုခေါင်ဆောင်မှန်ရင် ကြမ်းတမ်းမသုံးနှန်းပါ

  1. Anonymous said... :

    well....I don't believe media people, especially in Burma, Zaganar is one of the famous comedian in Burma......and also he is well educated person......he knew that he was in front of the medias .......even he was angry I don't think he called down the media.
    Media people from Burma usually overstate the real situation

  1. Anonymous said... :

    စာနယ်ဇင်းတွေကလဲ အကဲပါလွန်း ပါတယ်။ သူတို့လဲ သူတစ်ပါး အမနာပတွေဆို လျှောက်ပြီး ရေးကြ၊ ကလိကြတာဘဲ။ သူတို့ကို ဆဲရင်လဲ ခံပေါ့။ အဆဲတောင် မခံနိုင်ရလောက်အောင် ဘုရားမို့လို့လား။

  1. Anonymous said... :

    ဘယ်သူတွေ ဘယ်လိုပြုမူဆက်ဆံပါစေ ကိုယ့်အကျင့်စရိုက် အဆင့်အတန်းကို ကိုယ့်အပြုအမူက ဖေါ်ပြ၏
    အဖယုတ်တော့ အပြုအမူ ရိုင်းစိုင်းပြီး
    အမိယုတ်လျှင် အပြောအဆို နှုတ်ကြမ်းတမ်း၏

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved