ဒဂုန်တာရာရဲ့ ပန်ကြားလွှာ

Monday, September 3, 2012

~



နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ



ကျနော်တို့မြန်မာပြည်၌နေထိုင်သော ပြည်ထောင်စုသားများတွင် ရေခဲတောင်တန်းများ အနောက်ရိုးမသစ်တောများ ဖုံးလွှမ်းနေသောနေရာများ သွေးညှီနံများမကုန်ကြသေးသည်ကို တွေ့ ရသည်။
ကျွန်တော် များစွာ ၀မ်းနည်းမိပါသည်။

ထို့ပြင် ပြည်သူ့ လွှတ်တော်ထဲ၌လည်း အမျိုးမျိုးသောအသံများကို ကျယ်လောင်စွာ ကြားနေရပါသည်။

ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်း သမ်းစ အချိန် ဖြစ်ပါသည်။ အင်မတန်နုနယ်သောအချိန်ကာလဖြစ်ပါသည်။

ထိုပြင် မြန်မာနိုင်ငံကြီး ပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ပါဝင်ကြမည်ဟု အားခဲထားသော ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ ရောက်လာသောအချိန်လည်း ဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်း မေတ္တာဖြင့် တဦးနဲ့တဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထား လုပ်ဆောင်ရန် မေတ္တာရပ်ခံပါသည်။
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သော အချိန်သည် လှေကိုမလှုပ်အောင် လူးအောင် မလှုပ်ဖို့ အားလုံးကို မေတ္တာရပ်ခံပါသည်။

လွန်ခဲ့သောနှစ်ကာလများ အတွေ့အကြုံအရ ကျွန်တော် ယခုကာလကို စိုးရိမ်စွာ စောင့်ကြည့်နေရသောအချိန်ဟု ယူဆပါသည်။

၂၀၁၅ ထိ အခြေအနေ တည်ငြိမ် ချောမွေ့အောင် ၀ိုင်းဝန်း ထိန်းသိမ်းကြစေရန် ပန်ကြားအပ်ပါသည်။

ဒဂုန်တာရာ

သာမိုင်းခမ်း




~

1 comments :

  1. UShinGyi said... :


    ဆရာကြီးတို့ ကို့နိုင်ငံအပေါ်ထားရှိတဲ့ စေတနာ ၊ မေတ္တာ ကို့လူမျိုးကို့ပြည်သူများ တိုးတက်စေလိုစိတ် မျိုးချစ်စိတ် များဟာအလွန်ပဲကြီးမာလပါတယ် ဆရာကြီးခင်ဗျာ။
    ယခုလွှတ်တော်ထဲတွင်ရှိနေသူများ လွှတ်တော်အမတ်များ ၊နိုင်ငံတော်အစိုးရ
    အဖွဲ့ဝင်များအားလုံးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးတွင် ဆရာကြီးတို့ကဲ့သို့ တိုင်းပြည်ချစ်စိတ်မျိုး အနည်းငယ်မျှရှိ
    လျင်ပင် အလွန်ကောင်းမှာပါ၊ ယခုအခါတွင်တော့ငါအဏာရှိတယ်ဆိုသော အတ္တများဖြင့် သူတမျိုးငါတဖုံ ငြင်းခုံရင်း အချိန်ဖြုန်းနေကြသလိုပါပဲခင်ဗျ။ စစ်တပ်မှလဲ အာဏာကို မျက်စပြစ်ခြိမ်းခြောက်နေလားမသိပါ။တကယ်ကိုရင်လေးဖို့ကောင်းသော အခြေအနေ အချိန်အခါမျိုးပါ။ဆရာကြီးကဲ့သို့သော ပုဂ္ဂိုလ်များ အများအပြားရှိလာမယ်ဆိုရင်ဖြစ် တကယ်ကိုဝမ်းသာဖွယ်အနေအထားအသီးအပွင့်များကိုမြန်မာပြည်သူများ တ၀ကြီးခံစားရမယ်လို့ပဲ မျှော်လင့်ဆုတောင်းနေမိတော့တယ်ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved