ဦးနုနဲ့ အစ္စရေးဝန်ကြီးချုပ်

Wednesday, September 12, 2012

~






၁၉၅၉ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် David Ben Gurion နဲ့ ဦးနုတို့ရဲ့ ရုပ်သံချက်တင် ဖြစ်ပါတယ်။
ဦးနုကို ဟောင်ကောင်၊ Ben Gurion ကို အစ္စရေးမှာ ရိုက်ကူးခဲ့တာပါ။
အမေရိကန်မှာ CBS က ထုတ်လွှင့်ခဲ့တယ်လို့ ယူဆရပါတယ်။

၁၉၅၉ ဟာ ဦးနေ၀င်းရဲ့ အိမ်စောင့်အစိုးရကာလ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းဦးနုတို့ရဲ့ စကားဝိုင်းကိုကြည့်ရင် အဲဒီခေတ် ရုပ်သံရိုက်ကူးထုတ်လွှင့်ချက် အနေအထားကို သိရမှာပါ။


ရုပ်သံစီစဉ်တင်ဆက်သူက နားထောင်၊ တခါတရံ မေးခွန်းဝင်ထုတ်ပါတယ်။
သူဟာ အဲဒီခေတ်က သြဇာကြီးမီဒီယာသမားဖြစ်ပုံရပါတယ်။ ဆေးလိပ်သောက်မပျက်ပါဘူး။

သူ့ရဲ့ ဆေးလိပ်သောက်ပုံ နဲ့ အစ္စရေးဝန်ကြီးချုပ်ရဲ့ ၀တ်စားပုံတို့ကြောင့် စကားဝိုင်းက ပိုပြီး စိုပြေနေဟန်ပါပဲ။ ဒီမြင်ကွင်းတွေကို ခေတ်ဟောင်းရုပ်သံမှာ ကြည့်နိုင်ပါပြီ။

အစ္စရေးဝန်ကြီးချုပ် Ben Gurion ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူ့ကို မြန်မာဝတ်စုံနဲ့ အခုလို တွေ့ရပါတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved