လက်ပန်းတောင်းလယ်သမားများ သဘောထား ထုတ်ပြန်

Thursday, September 6, 2012

~



စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းပိုက်ခံထားရတဲ့ ဒေသခံ ရွားသူ၊ ရွာသာတွေရဲ့ သဘောထားကြေငြာ ချက်ကို ယနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ ကြ ပါတယ်။

ဒေသခံ တောင်သူများ ရဲ့ သဘောထားများကတော့ ယခု လက်ရှိ အခြေအနေမှာ စီမံကိန်းကြောင့် ဖြစ်ပေါ် လာမယ့် ဘေးထွက်ဆိုးကျိုးများကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ လယ်ယာမြေ ပျက်စီး ဆုံးရှုံးမှု အနည်းငယ် ပုံစံပြောင်းလဲရန်၊ ယာမြေများကို မဖြစ်မနေ ဆုံးရှုံးရ မည်ဆိုလျှင် ကာလပေါက်ဈေး ထက်မနည်း လျှော်ကြေးပေးရန်၊ ရွာများကိုပြောင်းရွေ့ပေးရမည်ဆိုပါက အရည်အသွေးပြည့် ရေမီးအစုံ နေအိမ်များ စီစဉ်ပေးရန်နှင့် လက်ပံတောင်းတောင်ရှိ သမိုင်းဝင်ဘာသာရေး အဆောက်အဦးများစေတီများကို မပျောက် ပျက်အောင် ထိမ်းသိမ်း ထားရှိရန် အစရှိတဲ့ သဘောထားများကိုကြေငြာခဲ့ပါတယ်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့် မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင် ကျေးရွာပေါင်း(၂၆) ရွာနေ တောင်သူများ အားလုံးမှ ယနေ့မှာ သဘော ထားထုတ်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved