အပေး/အယူ

Wednesday, September 26, 2012




ရန်ကုန်က ဘတ်စ်ကားကြီးငယ်တွေ လမ်းဘေးရပ်စောင့်နေတဲ့ယာဉ်ထိန်းရဲတွေ တားရင် ခဏရပ်၊ ကားစပယ်ယာက သူတို့ကို တခုခုပေး၊ ပြီးရင် ကားဆက်မောင်း။

ဒီလိုမြင်ကွင်းမျိုးကို ရန်ကုန်မြို့မှာ တွေ့ဖူးစကြမှာပါ။

 ဒီမြင်ကွင်းကို Chaîne de Observateurs1 ရဲ့ Youtube မှာလည်း တွေ့ရပါတယ်။

 
ယာဉ်ထိန်းရဲ ၂ ယောက်ရှေ့ မိနစ်ပိုင်းအတွင်း  ဖြတ်သွားတဲ့ကားတွေကနေ စပယ်ယာတွေ ပြေးဆင်းလာပြီး သူတို့လက်ထဲ တခုခု ထည့်သွားကြပါတယ်။ ထည့်တဲ့ပစ္စည်းက ပိုက်ဆံဖြစ်ဖို့များပါတယ်။

ကား/ယာဉ်မောင်း/စပယ်ယာတို့ရဲ့ လိုင်စင်တွေကို စစ်ဆေးတာလည်း မဟုတ်ပါဘူး။ 

  သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်းတွေကို ဖောက်ဖျက်မိလို့  ပိုက်ဆံဆင်းပေးကြတာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ဘက်က မှန်နေရင် ပိုက်ဆံ ပေးစရာ မလိုပါဘူး။ 

သူတို့လိုက်နာဖို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများက တရားမျှတမှု မရှိဘူးလား?
ဒါဆိုရင်တော့ မျှတမှုရှိအောင် တောင်းဆိုရမှာပါ။

 စည်းကမ်းဖောက်လို့ ၀င်ငွေပိုရတယ်၊ ရဲကိုပေးရတဲ့ပိုက်ဆံက နည်းနည်းလေးပါ လို့ ဆိုမလား?

ဒီရုပ်သံမှာ မြင်ရတဲ့ ကားစပယ်ယာ၊ ယာဉ်ထိန်းရဲများက လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီး သူတို့ကို အရေးယူရုံနဲ့တော့ အလုပ်မဖြစ်ပါဘူး။ 

ယာဉ်တွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို ပြန်သုံးသပ်တာ လိုပါမယ်။
ရန်ကုန်အတွက် သင့်လျော်တဲ့ သယ်ယူပို့ဆောင်ရေး၊ လမ်းပမ်းဆက်သွယ်ရေး ပြင်ဖို့ လိုပါမယ်။
ပေးသူ/ယူသူ အပြင် ခရီးသည်များ စည်းကမ်းလိုက်နာကြတဲ့ ယဉ်ကျေးမှုကိုလည်း အချိန်ယူပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့မြို့ကြီးတွေမှာ ကားကျပ်၊ ရထားကျပ်တာ ထုံးစံပါပဲ။
လူဦးရေပေါက်ကွဲနေတဲ့ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးကို ရာနှုန်းပြည့် အဆင်ပြေအောင် လုပ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့်  ဒီရုပ်သံထဲက အပေးအယူ မြင်ကွင်းတွေ ပပျောက်အောင်တော့ အာဏာပိုင်တို့ မကြာခင် ဆောင်ရွက်ကြလိမ့်မယ်လို့ ယူဆရပါတယ်။ မီဒီယာတွေမှာဖော်ပြကြဖို့၊ သက်ဆိုင်ရာလွှတ်တော်မှာ ပြောဆိုကြဖို့တော့ လိုပါတယ်။
 







~

4 comments :

  1. Nua Nout said... :

    Corruption and bribery are daily affairs in Myanmar!

  1. တရားဝင် သူတောင်းစား

  1. မြန်မာပြည်ကလူတွေကိုစည်းကမ်းရှိလာအောင် ဥပဒေလိုက်နာတတ်လာအောင် ပညာပေးဖို့အချိန်ယူမယ်ဆိုရင်တော့ အနည်းဆုံးမျိုးဆက် တစ်ဆက်စာလောက်တော့အချိန်ယူရပါလိမ့်မယ်။အကောင်းဆုံးနည်းကတော့ ဒဏ်ငွေများများရိုက်ပြီး အပြစ်ပေးတဲ့နည်းနဲ့ အရေးယူတာပါပဲ။စကာင်္ပူမှာ စည်းကမ်းမဲ့အမှိုက်ပစ်ရင် မြန်မာငွေနဲ့တွက်ရင် သိန်းဂဏန်းလောက် ဒဏ်ရိုက်တယ်လို့ကြားဖူးတယ်။

  1. Anonymous said... :

    ခေါင်က မိုးမလုံလို့ပါ၊ စစ်ဗိုလ်ချုပ်ကြီးတွေ ဖျက်ဆီးခဲ့လို့ စည်းကမ်းတွေက ပျက်နေတာပါ။
    အကြီးအကဲ အုပ်ချုပ်ေ၇းပိုင်းက စ ပြီး ပိုင်ဆိုင်မှုတွေ ကြေညာဘို့အဆိုတင်တာလဲ ပယ်ချခံရတယ်လေ။
    လာဘ်ပေး၊ လာဘ်ယူ တိုက်ဖျက်ဘို့က ပါးစပ်ပြောနေကြတာလေ။ တကယ်လုပ်မယ်ဆိုတော့ လွှတ်တော်ကတောင် လက်မခံဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved