သမိုင်းကိုပြောတဲ့ ဓာတ်ပုံများ

Wednesday, September 26, 2012


~


ဧရာဝတီ ~




သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခု ဩဂုတ်လထဲ ပထမဆုံးအကြိမ် နေပြည်တော်သမ္မတရုံးမှာ စတွေ့ပြီး ဓာတ်ပုံထွက်လာတော့ လူတွေက ပျော်ကြတယ်။ မြန်မာပြည် ရှေ့ရေး ကောင်းလာတော့မယ် ပေါ့။
တကယ်လည်း အဲဒီတွေ့ဆုံပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လေ။

အခုလည်း ဖေ့ဘွတ်မှာ ပြန့်နေတဲ့ ဘီဘီစီ မြန်မာပိုင်းက တင်ထားတဲ့ နယူးယောက်ကို ဆိုက်ရောက်လာတဲ့ သမ္မတကြီးကို အရင်ကြိုရောက်နှင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တရင်းတနှီး လာတွေ့တဲ့ ဓာတ်ပုံတွေ တွေ့ရပြန်တော့ ရှေ့လျှောက် အပြောင်းအလဲ ပိုဖြစ်လာဖို့ မျှော်မိပါတယ်။


 

အမေရိကားမှာ ဘယ်လောက်ထိ ဖြစ်လာမယ် မပြောတတ်ပါဘူး။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ရောက်ရာမှာ သမ္မတကြီးဦးဆောင်နေတဲ့ မြန်မာ့အပြောင်းအလဲကို အားပါးတရကို ထောက်ခံနေ၊ အမေရိကန်တွေကလည်း စိတ်ကောင်းဝင်နေတော့ နောက် သမိုင်းဝင် ဓာတ်ပုံတပုံများ ကြည့်ရမလားလို့ မျှော်လင့်မိပါတယ်။

အဲဒါက  အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်တို့နဲ့ သမ္မတ အိုဘားမား၊ ဟီလာရီတို့ ပူးတွဲပြီး မြန်မာ့အရေး အမေရိကန်က ထောက်ခံကူညီမည်ဖြစ်ကြောင်း ကြေညာတဲ့ ဓာတ်ပုံပေါ့။










-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved