NCGUB စဉ်ပြိုင်အစိုးရ ဖျက်သိမ်းလိုက်ပြီ

Friday, September 14, 2012



၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီး အပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးဖို့ န၀တ စစ် အစိုးရ က ပျက်ကွက်ခဲ့ချိန်နောက်ပိုင်း ပြည်ပနိုင်ငံကို ထွက်ပြေးလာခဲ့ရင်း မြန်မာ့ ဒီမိုကရေစီရေး အတွက် နှစ်
ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ၀န်ကြီး ချုပ် ဒေါက်တာ စိန်ဝင်း လက် မှတ်ရေးထိုးပြီး ဖျက်သိမ်းလိုက်တဲ့ ကြေညာချက် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း အခုဆို ပြန် လည် မှတ်ပုံတင်၊ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်အနိုင်ရပြီး လွှတ်တော် နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင် လာခဲ့ပြီး မြန်မာ့ နိုင်ငံရေး အခင်းအကျင်း တွေလည်း ပြောင်းလဲလာပြီး NCGUB ရဲ့ အခန်းကဏ္ဍဟာ စဉ်ပြိုင်အစိုးရတရပ် အနေနဲ့ လိုက်လျောညီထွေမရှိတော့ လို့ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ၀န်ကြီးချုပ်
ဟောင်း ဒေါက်တာ စိန်ဝင်းက ဆိုထားပါတယ်။


စဉ်ပြိုင်အစိုးရ ခေါ်တဲ့ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ က စတင်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် မာနယ်ပလော ဒေသမှာ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီစနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်ရေးအတွက် ဖွဲ့စည်း လှုပ်ရှားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေများအကြောင်း နိုင်ငံတကာ မိသားစုတွေကို ချည်းကပ်ပြီး သံတ မန်ရေး ဖိအားပေးရေးတွေအတွက် နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပါတယ်။ ဒီအတောအတွင်း မှားယွင်းမှု၊ အားနည်း ချက်များလည်း ရှိခဲ့တာမို့ ကြေညာချက်မှာတော့ တောင်းပန်စကားဆိုထားပါတယ်။

တဖက်ကလည်း NCGUB ဖြစ်ပေါ်လာဖို့ အထူးသဖြင့် KNU နဲ့ တိုင်းရင်းသား အဖွဲ့များကိုလည်း ကျေးဇူး တင်ကြောင်း ဖော်ပြထားပါတယ်။

NCGUB ရဲ့ အင်တာနက်စာမျက်နှာမှာ နှစ်ပေါင်း ၂၀ ကျော် သူတို့ ဘာတွေ လုပ်ဆောင် ကြိုးပမ်းခဲ့ကြသလဲ ဆိုတာ သွားရောက်ဖတ်ကြည့်နိုင်ပါတယ်။

1 comments :

  1. Anonymous said... :

    it's time for them to go .

    not many people left in group.

    Not enough fund either. Not like before.

    Not many ' Gwinn left to make money - like ' fabricated story writers to get visas ' saying a lot of stories bad about bloody military government. The facts are true. but the applicants are not true.

    Not any more dinner tickets ' to see U Sein Win ' one tickt 15 $ / 50 $ etc. and there are lots of argument about ' money ' in organization. true . but . it is common in any group . Money Money, Money .......power .........money .
    Sayonara . NCGUB . u do not do much . u can say a lot in ur website. but we know about some people of NCGUB , how they make money by using A S S K and bad burma government to get visas .. from applicants. But anyway. as a antigov group, we take value. but not much . not as we expected. anyway the game is over.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved