အဆိုတော် Rihanna ဆေးမင်ကြောင် ထပ်ထိုးတာ ဘယ်နားလဲ ???

Tuesday, September 11, 2012

~





(ဓာတ်ပုံ- The Sun)

ကမ္ဘာကျော်သူတွေဟာ တခုခုမှာ ရူးသွပ်တတ်တယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒီလိုပါဘဲ ကမ္ဘာကျော် အနုပညာ ရှင်တွေထဲ မှာ ဆေးမှင်ကြောင် တက်တူးထိုးတာကို စွဲမက်သူတွေ ရှိကြပါတယ်။

တချို့က လက်မောင်း၊ တချို့က ကျောပြင်၊ တချို့က တင်ပါး စသဖြင့် နေရာတွေမှာ ထိုးကြပါတယ်။ ဒီလို ဆေးမှင်ကြောင် ထိုးတဲ့အပေါ်မှာ သူတို့က အမြတ်တနိုးဖြစ်ကြတာပါ။

နံမည်ကြီး အဆိုတော် Rihana တယောက်ကတော့ သူ့ရင်သား အမွှာဆိုင်အောက်မှာ သူနှစ်သက်တဲ့ ဘိုးဘွား
တွေကို လေးစားဂုဏ်ပြု သတိရတဲ့အနေနဲ့ ရှေး ဂရိ နတ်ဘုရားမ ပုံကို ရေးထိုးခဲ့ပါတယ်။



သိမ်းငှက်တောင်ပံတပ် အီဂျစ် နတ်ဖုရားမပုံ ဆေးမင်ကြောင်ကို Rihanna ရဲ့ ရင်သား အမွှာစုံအောက်မှာ ထိုးခဲ့တာနဲ့ပတ်သက်ပြီးလည်း သူက ဂုဏ်ယူနေတာပါတဲ့။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Rihanna ရဲ့ ရင်သားအောက်မှာ ရေးထိုးခဲ့တဲ့ Goddess Isis လို့ ခေါ်တဲ့ နတ်ဖုရားမဟာ ပြီးပြည့် စုံတဲ့ အမျိုးသမီး ဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့ အနာဂတ် မျိုးဆက်တွေအတွက် စံပြ မော်ဒယ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ်ဒဏ္ဍာရီတွေမှာတော့ Isis နတ်ဖုရားမဟာ ကျေးကျွန်တွေ၊ ဖိနှိပ်ခံရသူတွေ၊ အနုပညာသည်တွေရဲ့ မိတ်ဆွေဖြစ်တယ် လို့ ဆိုထားတာပါ။


သူက တခြားနေရာတွေမှာလည်း ဆေးမှင်ကြောင်တွေ ထိုးထားပါသေးတယ်။ ဒါကတော့ နောက်ဆုံး အသစ်စက်စက် လားရာတခုပဲ ဖြစ်ပါတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved