romantic အမှား

Tuesday, September 4, 2012

~




ကိုပေါက်စ ~

romantic ဟု မရေးဘဲ romatic ဟု ရေးသားထားသော ကြော်ငြာ

မြန်မာဗီဒီယို၊ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင်များ၊ ထိုဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားကြော်ငြာပိုစတာ ပြုလုပ်ပေးသူ ဒီဇိုင်းဆရာများ အတွက် မြန်မာစာနှင့်အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ် ပို့ချရန် လိုအပ်နေပြီဟု ထင်မိပါသည်။

ယခုလို ရှက်ဖွယ်(ရှက်တတ်လျှင်)ကောင်းသော အမှားများကို အင်္ဂလိပ်စာလုံးပေါင်းများတွင်သာမက မြန်မာစာလုံးပေါင်းများတွင်လည်း မကြာခဏ တွေ့ရတတ်ပါသည်၊ အင်္ဂလိပ်စာ စာလုံးပေါင်းမှားခြင်းထက် မြန်မာသတ်ပုံများမှားခြင်းက ပို၍ ရှက်စရာကောင်းနေ၏။

မဂ္ဂဇင်း၊ဂျာနယ်၊စာစောင် အစရှိသည်တို့တွင်လည်း ထိုကဲ့သို့ အမှားအယွင်းများ ပါတတ်ပါသည်။

သို့ရာတွင် ယခုလိုမျိုး လူတိုင်း ထင်းခနဲ မြင်နိုင်သည့်ကြော်ငြာပိုစတာကြီး မဟုတ်ပါ၊
ပြီးတော့ သာမန်ဗီဒီယိုဇာတ်ကားမဟုတ်၊ “ပရိုဂျက်တာနှင့်ပြသခွင့်ရသော အဆင့်မြင့်ဗီဒီယိုဇာတ်ကားကြီး” ဖြစ်နေပြန်ပါတယ်၊
(ငွေရလျှင်ပြီးရောဆိုပြီး ပြီးစလွယ်မလုပ်သင့်ပါ)။

ဇာတ်ကားမဖြန့်ချိခင် အမှားကို သိခဲ့လျှင်လည်း နည်းလမ်းတစ်ခုခုသုံး၍ အမှားပြင်ဆင်သင့်ပါသည်၊

ပရိသတ်ကိုဂရုမစိုက်သလိုတော့မလုပ်သင့်ပါ၊

ပို၍ဆိုးသည်ကတော့ ယင်းဇာတ်ကားထုတ်လုပ်ရေးကို စာလုံးပေါင်း မှားနေကြောင်းကို သိမသိ ဖုန်းဆက်မေးကြည့်ရာ “အဲဒါ .. ဘာဖြစ်လဲ” ဟု ပြန်ဖြေခြင်း ဖြစ်လေတော့သည်။



1

2 comments :

  1. Myanmar Language Book Society said... :

    thanks for your post . Zarny Win.

    but please also look into ' this blog ' .. terrible repeated errors of Myanmar Language, spelling and usage.

    There have been numerous Myanmar spelling errors in this Irrawaddy website and
    if you all are really patriotic and love Myanmar, you all have to ' behave yourself' first .

    Spelling errors in English and ways of presentation in Myanmar in public media ( broadcasting and publishing ) is very common in Irrawaddy.

    I noted numerous comments about that for your Irrawaddy. It looks like staff if Irrawaddy are ..' Naive Or ignorant or ' I don't care ' or ' irresponsible .. hard to say.

    If Myanmar do not talk/ write good Myanmar, WHO WILL ?

  1. Anonymous said... :

    မြန်မာလူမျိုးအချို့ဟာ စေ့စပ်သေချာမှုမရှိတော့သလို
    စည်းကမ်းပျက် အကျင့်ပျက်နဲ့
    အရိပ်သုံးပါးကို နားမလည်ကြတော့ဘူး
    အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့မခွဲတတ်ဘူး
    ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့
    တတ်ယောင်ကားတွေများတယ်
    နားမလည်ရင် မသိရင်မမေးဘူး
    ဗိုလ်ချုပ်ပြောခဲ့တဲ့စကားက
    ဒီနေ့အထိ မှန်နေတာပဲ
    ဘယ်နှစ်နှစ်ရှိပြီလဲ
    ပြင်လား မပြင်ဘူး
    ကုလားထိုင်မှာထိုင်ပြီးပျင်းနေတာ
    ကြာတော့ ဗိုက်ရွှဲလာတယ်လေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved