ဝန်ကြီးအပြောင်းအလဲများအတွက် ဝေဖန်ခြင်း
Tuesday, September 4, 2012
*
သပန ၀န်ထမ်းတဦး ~
ကျွန်တော်တင်မကပဲ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်များရဲ့ ခံစားချက်များကိုပါ ဒီစာမှာ ရေးသားမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တပတ်က မြန်မာနိုင်ငံသမ္မတဟာ ပြည်သူများအတွက် နိုင်ငံတော်အတွက် ဆိုပြီး အပြောင်းအလဲတွေ များစွာ ပြုလုပ်ပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ရဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးအေးမြင့်လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။ အခြားသောဝန်ကြီးများရဲ့ အပြောင်းအရွှေ့ကို ဒီစာမှာတော့ ကျွန်တော်ဝေဖန်လိုခြင်း မရှိပေမဲ့ ကျွန်တော်တို့ရဲ့ ၀န်ကြီးအပြောင်းအရွှေ့ကိုတော့ ကျွန်တော် ဝေဖန်လိုပါတယ်။
ကျွန်တော်တို့ သပနဟာ ဦးသောင်းလက်ထက်မှာ အတော်ပင် ပျက်စီးခဲ့ပါတယ်။ တကယ်အရည်အချင်းမရှိပဲ ဒေါက်တာဘွဲ့တွေရ၊ လူတော်တွေကို ချောင်ထိုး၊ သူနဲ့မတည့်ရင် ရာထူးချ အပစ်ပေးစတာတွေလုပ်၊ ကျောင်းတွေကို ဆောက်ပြီး လမ်း မဖောက်၊ မီး မရှိ ဘာ သင်ထောက်ကူပစ္စည်းမှ မရှိပဲဖွင့် စတဲ့ ပျက်စီးမှုတွေကြောင့် ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ အလွန်ပင် နာကျင်ခဲ့ကြရပါတယ်။
အရင်က ခေတ်ကောင်းခဲ့တဲ့ RIT ကို ချောင်ထိုး အင်ဂျင်နီယာနဲ့ပညာတတ်တွေကို အညှိုးကြီးကြီးနဲ့ သတ်ပစ်ခဲ့တာလို့လဲမြင်ကြပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးဟာ ခုအစိုးရလက်ထက်မှာ အသစ်တက်လာတဲ့ ကျွန်တော်တို့ဝန်ကြီး ဦးအေးမြင့်ကြောင့် အရာအားလုံးဟာ မျက်လှည့်ပြသလို ပြောင်းလဲခဲ့ပါတယ်။
ဆရာဆရာမတွေကို လုပ်ရဲ ကိုင်ရဲလာအောင်၊ အသိအမြင် ကြွယ်ဝလာအောင် လမ်းဖွင့်ပေးခဲ့သလို၊ ဦးသောင်းကြောင့် နာကျင်ရတဲ့ စိတ်တွေကိုလည်း အားအင် ဖွံ့ဖြိုးအောင် လန်းဆန်းလာအောင် လုပ်ပေးခဲ့ပါတယ်။
ဦးအေးမြင့်ဟာ နေ့မနားညမနား သပနနဲ့ နိုင်ငံအတွက် အလုပ်လုပ်ပေးသလို ကျောင်းတွေကိုလည်း မြင့်တင်ပေးခြင်း သင်ထောက်ကူပစ္စည်းများ ၀ယ်ယူပေးခြင်း၊ အနာဂတ်အတွက် အင်ဂျင်နီယာများနှင့် ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရန်
Center of Excellence ကျောင်းများ သတ်မှတ်ပေးခြင်း၊ ဆိုင်ရာကော်မတီများကို ပညာရှင်များနှင့် ပေါင်းစပ်ဖွဲ့စည်းပေးခြင်း၊
အနာဂတ် စီမံကိန်းများကို အားတက်သရောရေးဆွဲပေးခြင်း စတာတွေကို အသေးစိတ် ပြုလုပ်ပေးခဲ့ပါတယ်။ ၀န်ထမ်းတွေရဲ့ အချက်အလက်တွေကိုလည်း နည်းပညာ program တွေ အသုံးပြုပြီး သိမ်းဆည်းခြင်း e-government စနစ်ကို စတင်ဖြစ်ပေါ်ရန် ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဝန်ထမ်းတွေ ဆရာဆရာမတွေ ပညာရှင်တွေ ကျောင်းသားကျောင်းသူတွေရဲ့ ရင်ထဲမှာလည်း အင်ဂျင်နီယာနဲ့ ကွန်ပျူတာ တခေတ်ဆန်းပြီလို့ မှတ်ယူခဲ့ကြပါတယ်။ ယခုအစီအစဉ်များအတိုင်း အကောင်အထည်ဖော်မည်ဆိုပါက နောက် ၂၀၁၃ အတွင်းမှာပင် RIT ဟာ ယခင်က နာမည်ကျော်သလို ပြန်လည် ကျော်ကြားလာမှာလည်းဖြစ်ပါတယ်။
ခုတော့ ဒါတွေအားလုံးဟာ အားလုံးအတွက် နာကျင်ကျေကွဲစရာတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ အလွန်ချစ်ရတဲ့ အားကိုးရတဲ့ ၀န်ကြီးကို စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားလိုက်သည် ဆိုတဲ့ ကြေညာချက်အပြီးမှာ အားလုံးဟာ အားကိုးစရာ သစ်ပင်ကြီးပြိုလဲသွားသလို ခံစားခဲ့ရပါတယ်။ ပြည်သူတွေအတွက် နစ်နာစေနိုင်တဲ့ ၀န်ကြီးတွေကို ပြောင်းလဲတာ အပစ်မတင်ချင်ပေမယ့် ခုလို ကျွန်တော်တို့ ပညာရှင်တွေ အားကိုးတဲ့ ၀န်ကြီးကို ပြောင်းလဲလိုက်တာဟာ ပညာရင်တွေကို ယခုအစိုးရက ပြန်သတ်လိုက်တာလား ဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်။ ဒါကို သမ္မတကြီးကိုယ်တိုင်ပဲသိမှာပါ။
အခု သပနရဲ့ ပေါ်လစီ မငြိမ်သေးပါဘူး တည်နေတုန်းပဲရှိပါတယ် ၂၀၁၃ လောက်မှ ငြိမ်စပြုမှာပါ ပေါ်လစီ မငြိမ်သေးပဲနဲ့ ၀န်ကြီးတွေကို အပြောင်းအလဲလုပ်၊ ကောင်းတာလုပ်လဲ အသိအမှတ်မပြု ၀န်ထမ်းတွေ ကျောင်းသားတွေ ပညာရှင်တွေရဲ့ ဆန္ဒကို မေးမြန်းခြင်းမပြုပဲ ထင်ရာဌာနတွေ ပြောင်းရွှေ့၊ အဲဒါလား ဒီမိုကရေစီ အဲဒါလား လူအများဆန္ဒဆိုတာကို သမ္မတကြီးကို မေးခွန်းထုတ်လိုပါတယ်။
ကျွန်တော်တို့ ၀န်ကြီးဟာ ပကာသနမမက်ပါ၊ ထိုင်ခုံမမက်ပါ၊ အဲဒါတွေမက်နေရင် စက်မှုဝန်ကြီးဆိုတာ အင်မတန်မှ ကြီးကျယ်ပါတယ်။ ဒါပေမယ့် ၀န်ကြီးဟာ လူတော်လူကောင်းပါ တော်ရုံလူ မဟုတ်ပါ အင်မတန်စိတ်သဘောထား ကောင်းမွန်တဲ့လူကောင်း ဆိုတာ သပန၀န်ထမ်းတိုင်း ပညာရှင်တိုင်း ကျောင်းသားတိုင်း သိပါတယ်။
သူကိုယ်တိုင်လဲမပြောင်းရွှေ့ချင်ပါဘူး နည်းပညာကို တခေတ်ဆန်းစေချင်တာပါ။
အဲဒါကို မဟုတ်ပဲ ထင်ရာလျှောက်ပြောင်းတဲ့ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီစနစ်ကြီးကိုတော့ ကျွန်တော်နှင့် သပန၀န်ထမ်းများဟာ ဒီအစိုးရသက်တန်းအတွင်း ထပ်မံယုံကြည်လာနိုင်မှာ မဟုတ်တော့ကြောင်းနှင့် ပညာရှင်နဲ့ ပညာတတ်ကို သတ်သော အစိုးရအဖြစ် ရှုမြင်ကြောင်း တင်ပြအပ်ပါတယ်။
*
8 comments :
  1. Anonymous said... :
    ဝန်းကြီးနဲ့အလွန်းသင့်တိုင်းဒီစကားမျိုးမပြောပါနဲ့။သမ္မတပြောင်းတာမှန်ပါတယ်
  1. KO KO said... :
    ဆက်သွယ်ရေးဝန်ကြီး ကိုပြောင်းရမှာ၊၂၀၁၃ ဆီးဂိမ်းရောက်ရင် တိုင်းပြည်အတွက်ရှက်စရာ၊သိက္ခာကျစရာဖြစ်လာမှာ၊ဒီမြန်မာ့ဆက်သွယ်ရေးရဲ့အင်တာနက်မြန်နှုန်းနဲ့မိုဘိုင်းဖုံးတွေဘဲဖြစ်တယ်ဆိုတာနိုင်ငံတော်သမ္မတကြီးအပါအ၀င်၊ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီ၊အားကစားဝန်ကြီးငှာနပြည်ထောင်စုဝန်ကြီးတို့အလေးအနက်သတိပြုရမှာဖြစ်ပါတယ်၊တိုင်းပြည်ကိုချစ်ပြီး၊ပြည်သူ့အသံကိုနားထောင်တဲ့ပြည်ထောင်စုဝန်ကြီးမျိုးဘဲလိုပါတယ်၊မနေ့တနေ့ဆိုရင်တောင်ရောက်တော့မယ့်ဆီးဂိမ်းပွဲကြီး မှာ၊အခုချိန်ထိ အတိုင်ပင်ခံတွေခေါ်တုံး၊တင်ဒါတွေရွေးနေတုံးဆိုတော့၊ဒီဝန်ကြီးနဲ့အလုပ်မဖြစ်လောက်ဘူးလို့ထင်တယ်၊တိုးတက်မှုနှုန်းမြန်ရမှာ၊မမြန်ဘဲနှေးကွေးနေပါတယ်။တကယ်အလုပ်လုပ်မဲ့ပြည်ထောင်စုဝန်ကြီးကိုရွေးချယ် ပေးစေချင်ပါတယ်
  1. Anonymous said... :
    Man may come and man may go.. but I go on forever
  1. Anonymous said... :
    အင်တာနက်က လိုင်းသာမကောင်းတာ ဖွင့်လိုက်တာနဲ့ ဖုန်းထဲကပိုက်ဆံတောက်လျှောက်ကို ဖြတ်တော့တာဘဲ ဘာမှမကြည့်လိုက်ရဘဲ ပိုက်ဆံအလကားပေးနေရတယ် နှေးတဲ့အဆင့် မဟုတ်ဘူး အောက်ပိုင်းသေတဲ့ကောင် ဒရွှတ်တိုက်သွားရင်တောင် သူ့ထက်မြန်အုံးမယ်
  1. win myint said... :
    သပန ဝန်ကြီးဉီးအေးမြင့်ဟာလူတော်လူကောင်းဆိုတာအမှန်ပဲ
  1. Anonymous said... :
    သပန၀န်ကြီးဥိးအေးမြင့်ဟာလူတော်လူကောင်းဆိုတာမှန်ပါတယ်
    ဒါပေမဲ့ အလုပ်လုပ်ရာမှာအလွန်နေးကွေးပါတယ်သူ့လက်အောက်က၀န်ထမ်းများရဲ့အခြေအနေကိုလုံးဝပြန်မကြည့်ပါဘူးဘာတွေလဲဆိုတော့
    ၁၊၀န်ထမ်းများရဲ့ပြောင်းရွေ့ခြင်းကိစွ
    ၂၊၀န်ထမ်းများကိုရာထူးတိုးပေးခြင်းကိစွ
    ခုထိလေးနှစ်ကျော်ပါပြီမပြောင်းရသေးပါ
    ကွန်ပျူတာကျောင်းများရဲ့အပြောင်းအရွေ့များကတော့သူ့ရဲ့ဝန်ကြီးလုပ်သက်တစ်နှစ်ကျော်ကြာတဲ့အချိန်မှာထွက်လာပါတယ်
    နောက်ရာထူးတိုးခြင်းကီစွ
    ဦးသောင်းလက်ထက်ကတည်းကသတ်မှတ်ချက်ကိုက်သော်လည်းဝန်ကြီးအပြောင်းအလဲကြောင့်ဘာမှလုပ်မပေးခဲ့ပါ၊
    ဥိးအေးမြင့်လက်ထက်တွင်လည်းရာထူးတိုးမြင့်ပေးရေးစီမံချက် ဆိုသောစာအုပ်ကြိးဇူလိုင်လကမှထွက်လာပါတယ်
    သို့သော်လည်း ခုချိန်ထိစာ၇င်းသာကောက်သွားတယ် ဘာမှတိုးတက်မလာသေးပါ
    သပန၀န်ထမ်းများသည် မျော်လင့်စ၇ာမှာ ရာထူးတိုးတက်ခြင်းသာဖြစ်ကြောင့်းဒီဌာနမှဝန်ထမ်းတိုင်းသိပြီးဖြစ်ပါတယ်
    ဦးသောင်းလက်ထက်တည်းကသတ်မှတ်ချက်ကိုက်ညီသူများမှာဦးအေးမြင့်လက်ထက်တွင်နှစ်နှစ်ကျော်ဒီတိုင်းနေရပြိးတိုးတက်မှုမရှိပါကျောင်းများသို့လာလျင်ပြောလေ့ရှိသောစကားမှာ" င့ါကိုဘာမှမတောင်းဆိုကြနဲ့နော်ပြောင်းချင်တယ်ရွှေ့ချင်တယ်မပြောနဲ့ ရာထူးတိုးချင်တယ်မပြောနဲ့" စသည်ဖြင့်ပြောလေ့ရှိသည်၊
    ဥိးအေးမြင့်သည် နိုင်ငံအတွက်တိုးတက်အောင်လုပ်ပေးနိုင်သည်ဆိုသည်မှာ ဟုတ်ကောင်းဟုတ်နိုင်သည်
    ဌာနကိုတိုးတက်အောင်လုပ်နိုင်သည်ဆိုတာလည်းမှန်သည်
    သို့သော်မိမိဝန်ထမ်းများအတွက် ဘာကိုမှထည့်မစဉ်းစားပဲ ၀န်ထမ်းအများစုအတွက်(လူနည်းစုမှာပြောင်းချင်သည့်နေရာသို့ပြောင်းရသည်၊ ရာထူးတိုးကြသည်)တိုးတက်ရာတိုးတက်ကြောင်းဘာကိုမျှလုပ်မပေးသောဝန်ကြီးဖြစ်သည်။
    ယခုဝန်ကြီးပြောင်းပြန်ပြီ
    မိဝေးဖဝေးဖြစ်သော (မြိတ်၊ဗန်းမော်၊ကျိုင်းတုံ၊ကလေး)စသည့်နေရာများတွင်တာဝန်ထမ်းဆောင်နေကြသောသူများဘယ်သူ့ကိုတောင်းဆိုပြီးပြောင်းရွေ့ခွင့်ရကြမည်လဲ-------
    ဦးသောင်းလက်ထက်ကတည်းကသတ်မှတ်ချက်ကိုက်ညီသော်လည်းဦးအေးမြင့်လက်ထက်ထိရာထူးတိုးတက်ခြင်းမခံရသေးသောသူများဘယ်သူ့ကိုသွr
  1. Anonymous said... :
    (မြိတ်၊ ဗန်းမော်၊ ကျိုင်းတုံ၊ ကလေး၊ ပင်လုံ) စသည့် နေရာများတွင် တာဝန်ထမ်းဆောင် နေကြသောသူများ ဘယ်တော့မှ ပြောင်းရွှေ့ခွင့်ရမည်ဆိုတာ အမှန် သိချင်ပါတယ် ... ၀န်ကြီးဦးအေးမြင့်လက်ထက်က ထွက်ခဲ့သော
    ရာထူးတိုးမြင့်ပေးရေးစီမံချက် နှင့် အပြောင်းအရွှေ့ သတ်မှတ်ချက်စာအုပ်များသည် ယခုမှ အလုပ်ဝင်ရောက်သူများအတွက် ရေးဆွဲထားခြင်းသာ ဖြစ်နိုင်ပါသည် .. ၀န်ကြီးဦးသောင်း လက်ထက်တွင် အလုပ်ဝင်ခဲ့သော
    ဆရာ ဆရာမများ၏ လုပ်သက်ကို ကြည့်ပါက ယခု သက်မှတ်ချက်နှင့် မကိုက်ညီသူများအား များစွာ တွေ့ရှိနေပါတယ် နှင့်ဝန်ကြီး ဦးအေးမြင့် ရေးဆွဲခဲ့သော သတ်မှတ်ချက်များအား ပြန်လည်ပြင်ဆင်ပေးစေလိုပါတယ် ..
  1. Anonymous said... :
    ဒီ Post ကိုေ၇းသားသူသည် ၀န်ကြီး၏ ကြည့်၇ှု့ စောင့်မခြင်းခံ၇သူ လူနည်းစုမှ တယောက်ဖြစ်မည်ထင်ပါသည်။ဝန်ကြီးသည် အထက်မှ ၂ယောက်၏ပြောစကားအတိုင်းလက်အောက်က၀န်ထမ်းများရဲ့အခြေအနေကိုလုံးဝပြန်မကြည့်ပါ။ ယ္ခု ၀န်ကြီးအသစ်ဒေါက်တာကိုကိုဦးသည်ေ၇ှးဝန်၂ပါးထက်ပိုဆိုးမည့်သူသာဖြစ်ပါသည်။ ၀န်ကြီးဟောင်းဦးသောင်း၏ လက်သပ်မွေး ပုံစံ၇ိုက်သွင်းခံခဲ့၇သော ၀န်ကြီးသစ် ဒေါက်တာကိုကိုဦးသည် သပန ၀န်ထမ်းအများစု မှ ၀န်ကြီးဖြစ်လာမည်ကိုမလိုလားသောသူတဦးသာဖြစ်ပါသည်။ကျောသား၇င်သားအလွန်ခွဲခြားဆက်ဆံတတ်သူ တဦးသာဖြစ်သည်။ သပန တွင် အသုံးမကျ ၇ိုက်သတ်လို့မကုန်နိုင်သော အ၇ည်အချင်းမဲ့ ပညာေ၇းပါ၇ဂူများထဲတွင် ဒေါက်တာကိုကိုဦးမွေးထုတ်လိုက်သော NT ဒေါက်တာမျာ၏ အ၇ည်အသွေးမှာအညံ့ ဖျင်းဆုံးဖြစ်ပါသည်။ သပန၏ နောင်ေ၇းသည် မတွေးဝံ့ စ၇ာဖြစ်သကဲ့သို့ သူ့လက်အောက်မှမဟုတ်ခဲ့သောဝန်ထမ်းများ၏ နောင်ေ၇းသည်လည်း.......၀န်ကြီးအဆက်ဆက်၏ နှိပ်ကွက်ခြင်းကိုခံစားခဲ့၇သော သပန ၀န်ထမ်းများ၏ ဘ၀သည် ယ္ခုဝန်ကြီးအသစ် လက်ထက်တွင် .....
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved