မြန်မာပြည်ရဲ့ တဦးတည်းသော အမျိုးသမီးသံအမတ်

Sunday, September 16, 2012

~





မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို သံအမတ်အဖြစ် ခန့်အပ်တာ မရှိသလောက်ပါပဲ။
ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြချက်အရ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ညွှန်ချုပ်တယောက်ကို ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်လိုက်ပါပြီ တဲ့။
သူကတော့ ဒေါ်ယဉ်ယဉ်မြင့် (လေ့ကျင့်ရေး၊ သုတေသန နှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန ညွှန်ချုပ်) ဖြစ်ပါတယ်။

အပေါ်ပုံကတော့ ဒေါ်ယဉ်ယဉ်မြင့်ကို ရန်ကုန်လေဆိပ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချီယိုဂမ်းဘတို့အဖွဲ့နဲ့ တွေ့ရပုံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကပါ။

ဒေါ်ယဉ်ယဉ်မြင့်က မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီးသံအမတ် ဖြစ်ဖွယ် ရှိပါတယ်။
ပထမဆုံး အမျိုးသမီးသံအမတ်ကတော့ ဖဆပလခေတ်တုန်းက ခန့်အပ်ခဲ့တဲ့ ဒေါ်ခင်ကြည် ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က ဒေါ်ယဉ်ယဉ်မြင့်ကို သံအမတ်ခန့်အပ်ကြောင်း သတင်းတို - Click -






~

1 comments :

  1. DIPLOMAT said... :

    ကြီးကြီး အတွက် နဲ့ မြန်မာပြည် အတွက် ဂုဏ်ယူပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved