လာမယ့် တနင်္ဂနွေမှာ ဒေါ်အောင်ဆန်းစုကြည် US ခရီး စတင်မယ်

Monday, September 10, 2012

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ-Reuter

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်
နေ့ မှာ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ပါတယ်။

“လေဒီ က စက်တင်ဘာ ၁၆ ရက်နေ့ ထွက်မယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ဆိုပါ တယ်။

အမေရိကန်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတခုဖြစ်တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်က ချီးမြှင့်မယ့် Congressianal Golden Award ဆုကို သွားရောက်လက်ခံယူမှာလည်းဖြစ်ပါတယ်။ ဒီဆုဟာ ၂၀၀၈ ခုနှစ်တုန်းက အမေရိကန် ကွန်ဂရက်လွှတ် တော်မှာ မဲပေးတဲ့စနစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ ရရှိတဲ့ ဆုတွေကို ကိုယ်တိုင်သွားရောက် မယူနိုင်ခဲ့ပါဘူး။

မကြာသေးမီကပဲ နော်ဝေနိုင်ငံမှာ ၁၉၉၁ ခုနှစ်က နိုဗဲလ် ငြိမ်းချမ်းရေးဆုအတွက် ကိုယ်တိုင်သွားရောက်ကာ ဆုလက်ခံ ရရှိ တဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်း နေအိမ်အကျယ်ချုပ်တွေကျခံရနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကာလ အတွင်း အမေရိကန်ကို ပထမဆုံး ပြန်လည်သွားရောက်ခြင်းလည်းဖြစ်တယ်လို့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်လာတုန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လာလည်ဖို့ ဖိတ်ကြားထားခဲ့တာပါ။

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီ ဧပြီလက လုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်တဦးဖြစ်လာပြီး ပြုပြင်ပြောင်းလဲရေးရဲ့ ထင်ရှားတဲ့ အမှတ်အသားတခု မြန်မာ့နိုင်ငံရေး မှာ ဖြစ်ခဲ့ပါတယ်။


ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်ကိုလည်း အမေရိကန်ပြည်ထောင်စုကို ဖိတ်ခေါ်ထားတာဖြစ်ပြီး တချိန်တည်းလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ အမေရိကန်မှာ ဆုံဆည်းဖို့ ရှိနေတာ လည်း ဖြစ်ပါတယ်။

အခု ခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်းဆန်းစုကြည်ဟာ ၀ါရှင်တန်အခြေဆိုက် NED က ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ ( သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင် ဆိုတဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသား ၅ ဦးကို ပေးအပ်မယ့် ဆုပေးပွဲမှာလည်း တက်ရောက်မိန့်ခွန်းပြောဖို့ ရှိပါတယ်။

1 comments :

  1. Anonymous said... :

    အမေခရီးတွေပဲသွားနေတော့မှာလား ရခိုင်ပြည်ကိုသွားပြီးကူညီထောက်ပံ့မူ့တွေအားပေးနှစ်သိမ့်မူ့တွေရောမလုပ်တော့ဘူးလား ဒုက္ခရောက်နေကြတာအမေ့ကိုချစ်တဲ့ပြည်သူတွေပါ အမေကလည်းပြည်သူတွေကိုချစ်တယ်ဆို

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved