ရွှေတိဂုံဘုရား ကမ္ဘာလှည့်ခရီးသွား လာရောက်မှု စံချိန်ကောင်း

Monday, October 15, 2012


 ဓာတ်ပုံ-အိမ့်သံစဉ်~

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ တည်ရှိပြီး အလွန်ကျော်ကြားတဲ့ ရွှေတိဂုံစေတီတော်ကို ဒီနှစ်အတွင်း နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွား စံချိန်ကျိုးလောက်အောင် အလာများကြောင်း သတင်းတွေမှာ ဖော်ပြလာပါ တယ်။ 

အခုနှစ် ၂၀၁၂ ခုနှစ်ရဲ့ ပထမ ၉ လအတွင်းမှာပဲ ရွှေတိဂုံဘုရားကို လာကြတဲ့ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၂၁၂ ၉၇၃ ဦးရှိ ပြီး ယမန်နှစ်က တနှစ်လုံးမှာ လာတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ ၂၂၅ ၃၈၁ ဦးရှိခဲ့ပါတယ် လို့ မြန်မာတိုင်းမ် သတင်းကို ကိုးကားပြီး The Nation က ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်က တည်ထား ကိုးကွယ်ခဲ့ပြီး စေတီတခုလုံး ရွှေစင်၊ ရွှေသားတွေနဲ့ သပ္ပါယ်တင့်တယ်တဲ့ ရွှေတိဂုံဘုရားကို အများဆုံးလာတာကတော့ ထိုင်းနိုင်ငံက ဖြစ်ပြီး သူ့ နောက်မှာတော့ တရုတ်၊ တောင်ကိုရီယား၊ ဂျပန်နဲ့ ပြင်သစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသား တဦးကို ၀င်ကြေး ၅ ဒေါ်လာသတ်မှတ်ထားပြီး ဒီနှစ်ထဲမှာတော့ အမေရိ ကန် ဒေါ်လာ ၁.၀၆ သန်း ရရှိထားပြီး ယမန်နှစ် ၂၀၁၁ ခုနှစ်မှာတော့ ၀င်ကြေးငွေ အမေရိကန် ဒေါ်လာ ၁.၁၃ သန်း ရရှိခဲ့တာကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ 

စေတီတော်ကြီးကို မွန်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့ ရန်ကုန် လို့ ခေါ်တဲ့နေရာကို ဘုရားကြီး တည်ပြီးနောက် ဒဂုံ လို့ ခေါ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ သတင်းစာကြီးတစောင်ဖြစ်တဲ့ The Nation မှာ ဖော်ပြထားပါတယ်။ 

ရွေးချယ်တင်မြောက်ခံရတဲ့ အစိုးရ တက်လာပြီးနောက်ပိုင်းမှာ အရင်တုန်းက မလုပ်ခဲ့ဖူးတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကြီးထွားလာတာ ကို မြန်မာ 
တွေ ကြေနပ် အားတက်နေကြတယ်လို့ The Nation က  ရေးပြထားပါတယ်။ 

ယမန်နှစ်ကတော့ မြန်မာနိုင်ငံရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ရန်ကုန်ကို နိုင်ငံခြားသား ၃၆၅ ၀၀၀ ဦး 
လောက် ရောက်ခဲ့တယ်လို့ ဆိုပြီး တနှစ်ပြီး တနှစ် ၂၂ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုထားပါတယ်။ 

ဒီနှစ် ဇန်န၀ါရီလနဲ့ ဧပြီလ အကြား လာ ရောက်သူ ကမ္ဘာလှည့်ခရီးသွားပေါင်း ၁၇၅၀၀ ထိရှိပြီး ၃၅ ရာခိုင်နှုန်း မြင့် တက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။

2 comments :

  1. Anonymous said... :

    အလှူခံပုံးတွေကနေ ၀င်ငွေ မည်မျှရှိကြောင်း ကြေညာသင့်သည်။

  1. Anonymous said... :

    ဦးနေ၀င်းလက်ထက်က စ ပြီး ဘုရားစေတီပုထိုးတွေကို အစိုးရက သူတို့ပိုင်သဖွယ်ပြုမူနေခဲ့တာတွေကို
    ပြည်သူ့ဒီမိုကရေစီခေတ်မှာ ပြုပြင်သင့်ပါပြီ။
    ဘု၇ားလူကြီးဆိုသူတွေကလဲ ဘောင်းဘီချွတ် စစ်ဗိုလ်ဟောင်းတွေ၊ သမ၀ါယမမှာ ခိုးနေကျ အကျင့်ပျက်တွေ၊ မဆလပါတီကြီး ပြိုကွဲကျဆုံးပြီး နေရာပျောက်နေတဲ့ ယေယာင်ဝါးတွေသာ ဖြစ်နေပါတယ်။
    မန္တလေးတောင်တော် အလှူခံပုံးထဲက ပိုက်ဆံတွေကို တောင်ခြေက တပ်ရင်းမှူးက သူ့အဖေပိုင်သဖွယ် အလွဲသုံးလို့ တိုင်စာတွေ တလောက တက်လာခဲ့သေးတယ်။
    ဆိုးဂျားတွေက ပဂိုးဒါးတောင် မရှောင်ဘူးဆိုတဲ့ စကားတောင် အရပ်ထဲမှာ ပြောခဲ့ကြသေး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved