နိုင်ငံရေး အကျဉ်းသား ဘ၀ ပုံရိပ်များနဲ့ ယုံကြည်သော မနက်ဖြန်

Tuesday, October 30, 2012



 သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ပူဇော်ကန်တော့ပွဲတွင် ဦးတင်ဦး မိန့်ခွန်းပြောနေစဉ်၊ ဓာတ်ပုံ- စမ်းချောင်း- ကိုကိုကြီး
~ လင်းသန့် ~

နိုင်ငံရေးအကျဉ်းသားဟောင်းများက ဦးစီးပြီး သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကန်တော့တဲ့ ပွဲတခု ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီကျော်က ရန်ကုန်မြို့က တော်ဝင်နှင်းဆီ ( သီရိ) ခန်းမမှာ လုပ်ခဲ့ပါတယ်။ 



ကန်တော့ခံ သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်း သခင်ချန်ထွန်း၊ ဦးအုန်းမောင်၊ ဦးတင်ဦး၊ ဦးဝင်းတင် စသူတို့ ပါဝင်ပါတယ်။



အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဗသက်အောင်၊ ကိုဌေးကြွယ်၊ ကိုဇော်မင်း၊ ကိုကိုကြီး (စမ်းချောင်း)၊ မမာမာဦး၊ ကိုထွန်းမြင့်အောင်တို့လည်း တက်ရောက် ခဲ့ကြပါတယ်။

ထို့အပြင်  အကျဉ်းထောင် အသီးသီးက ပြန်လည် လွတ်မြောက်လာကြပြီးတဲ့ နယ်ပယ်စုံ က နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ NLD ပါတီမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြပါတယ်။

ကိုသားထွေးနဲ့ အတူ ပန်းရဲ့လမ်း တေးဂီတ အဖွဲ့ကလည်း တက်ရောက်လာပြီး ကိုမင်းကိုနိုင်ရဲ့ ကဗျာ တပုဒ်
ဖြစ်တဲ့ နှင်းဆီ ဥဒါန်း ကို သီဆိုဖျော်ဖြေခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ထွန်းနှင့် ဗကသ ကျောင်းသားများက အကျဉ်းထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ နေထိုင်စားသောက်ဖြတ်သန်းရပုံများကို ပါဖော်မင့် လုပ်နေစဉ် ကိုဒီငြိမ်းလင်းက ယုံကြည်သော မနက်ဖြန် ဆိုတဲ့ ကဗျာကိုလည်း ရွတ်ဆိုပြခဲ့ပါတယ်။

"ပုံစံ" ဆိုတဲ့ အသံနက်ကြီး ထွက်လာတဲ့ နောက်မှာ သူတို့တွေ ဒီလိုဖြစ်သွားခဲ့ရတယ်

ဒီလို သရုပ်ဖော် ပြသတဲ့ ပါဖောမင့်ဟာ ကျန်ရှိနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အဓိက ဖြစ်တယ်လို့ သိရပါတယ်။

 တက်ရောက်လာသူတွေက ဒီလို လက်မှတ်တွေ ထိုးပြီး ကျန်ရှိ နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေး
တောင်းဆို

သာမန်လူတွေ မသိနိုင် မခံစားနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ရဲ့ ထောင်တွင်း ဘ၀တွေကို ထင်ဟပ်တဲ့ သရုပ်ပြ တင်ဆက်မှုကတော့ လူအများရင်ကို ရိုက်ခတ်သွားမှုက ပြောစမှတ်ကျန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများလည်း ဒီအခမ်းအနားမှာ ထောင်ထမင်း၊ ထောင်ဟင်းကို အမှတ်တရ အဖြစ် ထောင်တွင်းပုံစံအတိုင်း စားခဲ့ကြပါသေးတယ်။ ဘ၀ မမေ့ဘူးဆိုတဲ့သဘောပါ။ 


  ပျော့တူး၊ မနပ် ထမင်း၊  ပဲရည်ကြဲဟင်းရည်၊ တာလဘော၊ ငါးပိပုပ်တွေနဲ့ ဒီလို စားခဲ့ကြရတယ် 


 ဒီလို နံရံမှာ ဟင်းထုတ်တဲ့ပလပ်စတစ်နဲ့ စာရေးပြီး ငတ်လင့်ခဲ့ ပညာ အသက်ဆက်ခဲ့ရ၊ ဘ၀ ချင်းပေါင်းကူးခဲ့ရ


 "တဦးရဲ့ ဒဏ်ရာ တဦး လျှာနဲ့ လျက်ပေးရင်း ဒဏ်ရာတွေကို ကုစား၊ ယုံကြည်တဲ့ မနက်ဖြန်များစွာတို့ အတွက် ငါတို့ရဲ့ ဒီကနေ့ ပစ္စုပ္ပန်တွေကို ပေးဆပ်ကြစို့ ၊ ရဲရဲကြီး ပေးဆပ်နေမယ်"


ဒါဟာ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး လွတ်လပ်စွာ ကျင်းပခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားများ စုံလင်တဲ့ ပွဲတခုလည်းဖြစ်ပါတယ်

အခုအချိန်ထိ ကိုလက်ျာထွန်း၊ ဦးမြင့်အေးစတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေပါသေးတယ်။

ဦးတင်ဦးကတော့ NLD စာရင်းအရ ၁၄၀ ကျော် ကျန်ရှိနေသေးတယ်ပြောဆိုပြီး နိုင်ငံရေး အကျဉ်းသား
ဟောင်းများရဲ့ စာရင်းကတော့ ၂၀၀ ၀န်းကျင်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့် ရှောက်ရေး AAPP ရဲ့ အောက်တိုဘာလ စာရင်းက တော့ ၂၈၄ ဦး ရှိနေပါတယ်။














-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved