ကန် ဒု နိုင်ငံခြားရေး ၀န်ကြီးရဲ့ နေပြည်တော် ခရီး

Friday, October 19, 2012




အမေရိကန် ပြည်ထောင်စု ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ၀ီလျံ ဂျေ ဘန်းစ်ဟာ ယမန်နေ့ အောက်တိုဘာ လ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ၂ နိုင်ငံ ဆက်ဆံ 
ရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 


အဲဒီနောက် မစ္စတာ ၀ီလျံဘန်းစ် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ 



အဓိက ဆွေးနွေးကြတာကတော့ ဒီမိုကရေစီ စံချိန်စံညွှန်း၊ ရင်းနှီးမြှုပ်နှံရေး၊ အမျိုးသား ပြန်လည် ရင်ကြား 
စေ့ရေး၊ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အရေးတွေ လည်း ဆွေးနွေးခဲ့ကြ ပါတယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved