သီတင်းကျွတ်ရင် ကာတွန်းကြည့်မယ်

Saturday, October 27, 2012


~




ရွက်စိမ်း ~

ယခင် ကာတွန်းပြပွဲတခုမှာ ပြသထားပုံတချို့

ရန်ကုန်သူ ရန်ကုန်သားတွေက ဒီနှစ်သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့ ကာတွန်းပြပွဲကို လာမယ့် တနင်္လာ၊ အင်္ဂါနေ့တို့မှာ သွားရောက်နိုင်ကြမှာ ဖြစ်ပါတယ်။
နေရာက လမ်း ၅၀(အထက်ဘလောက်)၊ ပုဇွန်တောင်မြို့နယ်မှာ လို့ သိရပါတယ်။

ညနေ ၅နာရီကနေ ၁၀ နာရီ အထိ ခင်းကျင်းပြသမယ့် ပြပွဲမှာ ကာတွန်းဆရာများဖြစ်ကြတဲ့ ဦးဘဂျမ်း၊ မြေဇာ၊ တင်အောင်နီ၊ ငွေကြည်၊ အော်ပီကျယ်၊ စောမင်းဝေ အစရှိတဲ့ ကာတွန်းဆရာပေါင်း များစွာရဲ့ ကာတွန်းပေါင်း တရာကျော်ကို ပြသသွားမှာပါ။

“ကျွန်တော်တို့ မနှစ်ကတိုင်ပင်ကြတယ်။ သီတင်းကျွတ်မှာ ဘာလုပ်ကြမလဲ ဆိုပြီးတော့ မနှစ်က ရေကျော် ဘုရားပွဲကလည်း ခွင့်ပြုချက် ပြန်ရတယ်၊ ဒါနဲ့ အားလုံးတိုင်ပင်ပြီး ကာတွန်းပြပွဲလေး လုပ်ကြမယ် ဆိုပြီး လုပ်ခဲ့ ကြတာ။ မနှစ်က လူတွေ စည်စည်ကားကားနဲ့ အောင်မြင်ခဲ့တယ်၊ ဒါနဲ့ ဒီနှစ်ကိုလည်း ဆက်လုပ်ဖြစ်သွားတာပါ” လို့ ပွဲဖြစ်မြောက်ရေးမှာ ပါဝင်တဲ့ Lucky Seven လက်ဘက်ရည်ဆိုင် ပိုင်ရှင် ကိုအောင်သူရက ဧရာဝတီကို ပြောပါတယ်။

“ကျွန်တော်တို့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ ကာ တွန်းတွေနဲ့  ဒီကနေ့ မဂ္ဂဇင်းစာမျက်နှာပေါ်က ကာတွန်းတွေကို အဲဒီ ကာတွန်းပြပွဲတွေမှာ ကြည့်ခဲ့ရတယ်၊  ကာတွန်းတွေက လူုတွေကို ပြောချင်တဲ့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ထိထိ မိမိ ပြောနိုင်တယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့ သီတင်းကျွတ်ပွဲတော်မှာ ကာတွန်းပြပွဲကို ပြုလုပ်တာပါ” လို့ ကိုအောင်သူရက ဆိုပါတယ်။



ကာတွန်းတွေကို ကလေး၊ လူငယ်၊ လူကြီးမရွေးကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ကာတွန်းပြပွဲတွေ ဟာ ရန်ကုန်မြို့ရဲ့ ပွဲတော်ကာလတွေ အတွင်း လူအများစိတ်ဝင်စားမှုကို ရရှိတဲ့ ပြပွဲလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တန်ဆောင်တိုင်နဲ့ သီတင်းကျွတ် ကာလတွေမှာ မီးထွန်းပွဲနဲ့ ကာတွန်းပြပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။
တန်ဆောင်တိုင်ကာလမှာဆို လမ်းမတော်မြို့နယ် (၁၃)လမ်းမှာ ပြုလုပ်တဲ့ ဦးဘဂျမ်းကာတွန်းပြပွဲဟာ လူအများ စိတ်ဝင်တစားနဲ့ သွားရောက်ကြည့်ရူတဲ့ ပွဲလည်း ဖြစ်ပါတယ် ။














- 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved