မူပိုင်ခွင့် အသိပေးကြေညာချက်နှင့် ပတ်သက်၍

Tuesday, October 30, 2012


ဧရာဝတီ သတင်းဝက်ဘ်ဆိုဒ်မှာ ပြီးခဲ့တဲ့ရက်က “မူပိုင်ခွင့် အသိပေးကြေညာချက်” ဆိုပြီး တင်လိုက်တာ သတိထားမိကြမယ် ထင်ပါတယ်။ 

တင်ရတဲ့အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ လအတွင်းမှာ ဧရာဝတီ သတင်းဝက်ဘ်ဆိုဒ်က ရေးသား ဖော်ပြခဲ့တဲ့ အထူးသတင်းတွေနဲ့ သီးသန့် အင်တာဗျူးတွေကို ပြည်တွင်းဂျာနယ် ၅ စောင်ထက် မနည်းက ကူးယူ ပုံနှိပ်ဖော်ပြခဲ့တာကြောင့်ပါ။ အဲဒီအထဲမှာ တချို့ဂျာနယ်တွေက ဧရာဝတီ သတင်းဌာနကို အမည်ပေးဖော်ပြပေမယ့် တချို့ဂျာနယ်တွေကတော့ သတင်းတွေကို ခေါင်းစဉ်အပါအဝင် သတင်းစာကိုယ်များကိုပါ ၏သည်မလွဲ ကူးယူပြီး တခြားနာမည်တပ်ကာ ဖော်ပြခဲ့တာကြောင့် ဖြစ်ပါတယ်။ ဂျာနယ်တစောင်ကတော့ ဘာနာမည်မှ မဖော်ပြဘဲ ဒီအတိုင်းကူးယူ ပုံနှိပ်ထားတာ တွေ့ရပါတယ်။

ဧရာဝတီမှာ တင်တဲ့ သတင်း၊ ဆောင်းပါးအပါအဝင် ရေးသားဖော်ပြချက်များဟာ ပရိသတ် အခမဲ့ ဖတ်ရှုလို့ရအောင် အွန်လိုင်းပေါ် လွှင့်တင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကော်မာရှယ်ပြုလုပ် အသုံးပြုကြခြင်းနဲ့ ပတ်သက်လို့ အသိပေးချက် ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

နမူနာ သတင်းနှစ်ပုဒ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ 

ဧရာဝတီ - စိုက်ခင်းများကြောင့် ပုပ္ပားရေထွက်ပေါက်များ ပျက်စီး / မူရင်းရေးသားသူ - ကြယ်ပြာ



ပြည်တွင်းဂျာနယ် တစောင် - စိုက်ခင်းများကြောင့် ပုပ္ပားရေထွက်ပေါက်များ ပျက်စီး / ရွှေညာသား 



ဧရာဝတီ - ကားဝယ်လျှင် အရှုံးပေါ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး သတိပေး / မူရင်းရေးသားသူ - သာလွန်ဇောင်းထက်



ပြည်တွင်းဂျာနယ် တစောင် - ကားဝယ်လျှင် အရှုံးပေါ်မည်ဟု စီးပွား/ကူးသန်းဝန်ကြီး သတိပေး / နေသူရိန် (မန်း) 

1 comments :

  1. Anonymous said... :

    စတုတ္ထမဏ္ဍိုင်သူခိုးများ၊အရှက်ရှိကြပါ၊သူများနှာခေါင်း ပေါက်နဲ့အသက်မရှူပါနဲ့၊သင့်ကြောင့်စတုတ္ထမဏ္ဍိုင်နာ မည်မပျက်ပါစေနဲ့၊သတင်းမလိုက်တတ်လို့ခိုးတာလား အချောင်သမားလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved