မြန်မာ့ မိတ်ဆွေ ၂ နိုင်ငံ ထပ်တိုး

Thursday, October 4, 2012



ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ဖို့ သွားခဲ့တဲ့သမ္မတ ဦးသိန်းစိန်၏  အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ မိတ်ဆွေ ၂ နိုင်ငံ တိုးလာခဲ့ပြီး 

မိတ်ဆွေသစ် ၂ နိုင်ငံကတော့ အက်စတိုးနီးယား သမ္မတ နိုင်ငံနဲ့ လက်ဗီးယား သမ္မတ နိုင်ငံတို့ ဖြစ်တယ်လို့ သံတမန် ဆက်ဆံရေး စတင်မှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေအဆိုအရ သိရပါ တယ်။  

သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နယူးယောက်မြို့မှာ ရောက်ရှိနေခိုက် သက်ဆိုင် နိုင်ငံ များရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ဟာ သံအမတ်အဆင့် နဲ့ နိုင်ငံချင်း သံတမန် ဆက်ဆံရေး စတင်ဖို့ သဘောတူခဲ့တာပါ။ 

အမေရိကန် သွားခဲ့တာ အမေရိကန်နဲ့ ပုံမှန် ဆက်ဆံရေး ကောင်းအောင် လုပ်လာနိုင်ရုံမက မိတ်ဆွေတွေ တိုးအောင်လည်း လုပ်လာတယ်လို့ ဆိုနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved